Monday, July 2, 2012
လစ်ဗျားတွင် ရွေးကောက်ပွဲမတိုင်မီ ဆန္ဒပြမှုဖြစ်ပွား
လစ်ဗျားအရှေ့ပိုင်း ဘင်ဂါဇီမြို့တွင် ဆန္ဒပြသူများက ရွေးကောက်ပွဲကော်မစ်ရှင် အဆောက်အဦကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အယ်ဂျာဇီယာသတင်းထောက်အဖွဲ့က ယင်းသတင်းကို အတည်ပြုပြောကြားခဲ့ပြီး ဘင်ဂါဇီမြို့ပါဝင်သော အရှေ့ဘက်ခရိုင်ဒေသအတွက် ပါလီမန်အတွင်း ကိုယ်စားလှယ်နေရာဦးရေသတ်မှတ်မှုအပေါ်မကျေမနပ်ဖြစ်ပြီး
တနင်္ဂနွေနေ့က ဆန္ဒပြသူ ၁ ၀၀၀ ခန့်က ကော်မစ်ရှင် အဆောက်အဦးတွင်းသို့ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ် ကြောင်း ဆိုသည်။
တနင်္ဂနွေနေ့နေ့လည်ပိုင်းက လက်နက်များကိုင်ဆောင်ထားသော လူငယ်အုပ်စုကြီးတစ်စု ကော်မစ်ရှင်အဆောက်အဦ တွင်း ချိုးဖေါက်ဝင်ရောက်ကာ ဖယ်ဒရယ်ရရှိရေးကြွေးကြော်သံများအော်ဟစ်ခဲ့ကြသည်။ ထို့နောက် ရဲများရောက်ရှိ လာပြီး လူစုခွဲရန် ကြိုးပမ်းခဲ့သည်။ ဆန္ဒပြအုပ်စုက အဆောက်အဦပြူတင်းပေါက်များကို ရိုက်ချိုးပြီး အဆောက်အဦး တွင်းရှိ ကုလသမဂ္ဂရုံးခန်းကို မီးရှို့ခဲ့ကြသည်။ ထို့နောက် ကွန်ပြူတာများ၊ မဲပုံးများကို အပြင်သို့သယ်ထုတ်လာပြီး ရိုက်ချိုးဖျက်ဆီးခဲ့ကြသည်။
ရွေးကောက်ပွဲအတွက် အသုံးပြုမည့် အချို့ပစ္စည်းများကိုလည်း အဆောက်အဦအပြင်ဘက်တွင် ပုံ၍မီးရှို့ခဲ့ကြ ကြောင်း မျက်မြင်သက်သေများက ပြောသည်။ သို့သော် မဲထည့်ရာတွင်အသုံးပြုမည့်ပစ္စည်းများ သိမ်းဆည်းထား သည့်နေရာကိုမူ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
ဘန်ဂါဇီမြို့ပါဝင်သည့် လစ်ဗျားအရှေ့ဘက်ရှိ ဆိုင်ရန်နီယာကာပြည်နယ် အတွက် ကိုယ်စားလှယ်ဦးရေ အရေအတွက် အပေါ်မကျေမနပ်ဆန္ဒပြမှုများ ဘင်ဂါဇီမြို့တစ်ဝှမ်း တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ကြောင်း အယ်ဂျာဇီယာ သတင်းထောက် ဒေးဗစ်ပို့တ်က ဘင်ဂါဇီမြို့မှ သတင်းပေးပို့ခဲ့သည်။ နိုင်ငံအတွင်း နယ်မြေအလိုက် ကိုယ်စားလှယ် ဦးရေ အရေအတွက်ကို လက်ရှိအာဏာပိုင် အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC) မှ မကြာမီကြေငြာ တော့မည်ဖြစ်သည်။
NTC က နယ်မြေဒေသလူဦးရေများအလိုက် အနောက်ဘက် ထရီပိုလီတန်းနီးယားပြည်နယ်အတွက် ကိုယ်စားလှယ် ဦးရေ ၁၀၀၊ ဆိုင်ရန်နီယာကာ ပြည်နယ်အတွက် ၆၀၊ နှင့် တောင်ဘက် ဖက်ဇမ်းပြည်နယ်အတွက် ၄၀ အသီးသီးသတ်မှတ်ထားသည်။
ဤတွင် ကိုယ်စားလှယ်ဦးရေခွဲဝေမှု မညီမျှဟုဆိုကာ ဆိုင်ရန်နီယာကာပြည်နယ်များ မကျေမနပ်ဖြစ်ကြပြီး ဇူလိုင် ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်အချို့က ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ်ပေးရန် တောင်းဆိုမှုများပင် ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြသည်။
`တနင်္ဂနွေနေ့က ဘင်ဂါဇီမြို့နေရာအတော်များများမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး နောက်တော့ အားလုံးစုပေါင်း ပြီးတော့မှ ကော်မစ်ရှင် အဆောက်အဦနေရာဘက်ကို လှည့်လာကြတာပါ။ ကော်မစ်ရှင်မှာ မဲထည့်ရမည့်စာရွက်တွေ၊ ပလတ်စတစ်မဲပုံးတွေ၊ မင်အိုးတွေ၊ ဆန္ဒပြုခန်းငယ်လေးတွေ စတဲ့ ရွေးကောက်ပွဲသုံး ပစ္စည်းတွေ ဒူဘိုင်းကနေ ပို့ထားတာ လက်ခံရရှိထားပါတယ်။` ဟု သတင်းထောက်က ပြောသည်။
`ဒါတွေကို ဆိုင်ရန်နီယာကာမှာ ရွးကောက်ပွဲကျင်းပမယ့် နယ်မြေတွေဆီကို ခွဲဝေမပေးခင်မှာ ဂိုထောင်တစ်လုံးထဲမှာ အားလုံး သိမ်းဆည်းထားပါတယ်။`
လာသည့်ရွေးကောက်ပွဲသည် လွန်ခဲ့သောနှစ်က ကဒါဖီကို ဖြုတ်ချခဲ့သည့် လစ်ဗျားတော်လှန်ရေးပြီးဆုံးသည့် နောက်ပိုင်း ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။ ထိုအချိန်ကတည်းက အသွင်ကူးပြောင်းရေးကောင်စီက အာဏာကိုထိန်းသိမ်းထားပြီး ၂၀၁၁ ဖေဖေါ်ဝါရီလကတည်းက ဘင်ဂါဇီမြို့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးဆန္ဒပြတောင်းဆိုမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ Source: Al Jazeera
0 comments:
Post a Comment