Wednesday, July 18, 2012
မြောက်ကိုရီးယား ကင်ဂျုံအန် စစ်ဦးချုပ်ရာထူးရယူ
မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်ကို စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားသတင်းဌာနက ဗုဒ္ဓဟူးနေ့က အထူးသတင်းတွင် ကြေငြာလိုက်သည်။
မြောက်ကိုရီးယား ထိပ်ပိုင်းအစိုးအတွင်း ရာထူးအပြောင်းအလဲများပြုလုပ်ပြီး နောက်ပိုင်းကင်ဂျုံအန်ကို ရာထူးတိုးပေး လိုက်ခြင်းဖြစ်သည်။
ဖခင်ဖြစ်သူကင်ဂျုံအီသေဆုံးပြီးနောက် အရိုက်အရာကို ပိုင်ပိုင်နိုင်နိုင်ဆက်ခံနိုင်ခဲ့သည့် အနေအထားဖြစ်ကြောင်း ပြင်ပလေ့လာသုံးသပ်သူများက ဆိုသည်။
ယခင်စစ်တပ်အကြီးအကဲ ကျန်းမာရေးကြောင့် အနားယူသွားခဲ့ပြီးနောက်တစ်နေ့ အင်္ဂါနေ့တွင် ဒုတိယစစ်ဦးချုပ် အသစ်တစ်ယောက်ကို ရာထူးခန့်အပ်ခဲ့သည်။ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဟွန်ယောင်ချိုလ်ကို အာဏာရပါတီ၏ ဗဟိုစစ်ကော်မရှင်နှင့် ကာကွယ်ရေးကော်မရှင် တို့ကတနင်္လာနေ့က ရွေးချယ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA ကကြေငြာခဲ့သည်။
ယခုကင်ဂျုံအန်ရရှိခဲ့သော စစ်ဦးစီးချုပ်ရာထူးကို အဘိုးဖြစ်သူနှင့် အဖေဖြစ်သူတို့လည်း ရယူခဲ့သည်။
Source: Al Jazeera
0 comments:
Post a Comment