Monday, July 23, 2012

အီရတ်တွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား

အီရတ်နိုင်ငံတွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ ဒုတိယမြောက်နေ့အဖြစ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မည်သည့်အဖွဲ့အစည်းမှန်းမသိရသည့် သေနတ်သေများများက စစ်တပ်အခြေစိုက်စခန်းများကိုတိုက်ခိုက်ခြင်း၊ ကားဗုံးခွဲခြင်းများ မြို့တော်ဘဂ္ဂဒက်နှင့် ကယ်ကွတ်မြို့တွင် ပြုလုပ်ခဲ့ကြသည်။ တနင်္လာနေ့နံနက်ပိုင်းတွင် တိုက်ခိုက်မှုပေါင်း ၁၇ ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ သေဆုံးကာ ၁၃၁ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။ ဆာလာဒင်ပြည်နယ်ရှိ စစ်စခန်းတစ်ခုကို သေနတ်သမားများက တိုက်ခိုက်ခဲသဖြင့် အီရတ်စစ်သား ၇ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သေဆုံးသူ စစ်သား ၁၅ ဦးအထိရှိကြောင်း စစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါစစ်စခန်းသည် ဘဂ္ဂဒက်မြို့ မြောက်ဘက် ၉၀ ကီလိုမီတာအကွာတွင်ရှိပြီး ဒူလူအီယာမြို့နယ် အရှေ့ဘက်တွင်ရှိပြီး တနင်္လာနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကာ စစ်သားများ အိပ်ယာမှ မနိုးသေးပေ။ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခြင်းမရှိပေ။ ဘဂ္ဂဒက်မြို့မြောက်ဘက် တာဂျီမြို့တွင် လူနေထိုင်သော ရပ်ကွက်တစ်ခုကို ပစ်မှတ်ထား၍ ကားဗုံးတစ်လုံးပေါက်ကွဲ ခဲ့သည်။ အစောပိုင်းသတင်းများအရ ၁၈ ဦးသေဆုံးပြီး ၁၂ ဦးခန့်ဒဏ်ရာရှိကြောင်း ဆိုသည်။ ကယ်ဆယ်ရေးလုပ် သားများ အခင်းဖြစ်ပွားရာသို့ရောက်ရှိစဉ်တွင် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့လေသည်။ ကယ်ကွတ်မြို့တွင် ရဲများကို ပစ်မှတ်ထားတိုက်ခိုက်သော ကားဗုံးလေးလုံး တစ်ပြိုင်နက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့သည်။ ဘဂ္ဂဒက်အရှေ့ဘက် ဟူစိန်နီယာရပ်ကွက်တွင် တနင်္လာနေ့က ရပ်ထားသောကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံးသုံးဦး သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဘဂ္ဂဒက် မြောက်ဘက် ကီလိုမီတာ ၁၄၀ အကွာရှိ တိုအုခါမာတိုမြို့တွင် ဈေးတစ်ခုကို ပစ်မှတ်ထား၍ ဖေါက်ခွဲသော ကားဗုံးကြောင့် တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ ရှိသည်။ ယင်းမြို့၌ပင် အခြားပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး ၊ ၃၅ ဦး ဒဏ်ရာရရှိခဲ့သည်။ မွတ်ဒါဒီယာမြို့တွင် မော်တော်ဆိုင်ကယ်ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိသည်။ မြို့တော်တောင်ဘက် မာမွတ်ဒီယာတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် ၁၀ ဦးသေဆုံးပြီး ၃၈ ဦးဒဏ်ရာရရှိ သည်။ ဘဂ္ဂဒက်မြောက်ဘက် ကီလိုမီတာ ၁၂၀ အကွာရှိ ဆာမာရာမြို့လည်တွင် လုံခြုံရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင်ညွန့် ပေါင်းတပ်ဖွဲ့ဝင်များအား အမည်မသိသေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်။ ဘဂ္ဂဒက် မြောက်ဘက် ၇၅ ကီလိုမီတာအကွာရှိ ဒူဂျာအီမြို့တွင် ရှီးအိုက်ဘုရားရှိခိုးကျောင်း အနီး ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။