ပါကစ္စတန်မြို့တော် ကရာချိ စစ်အခြစိုက်စခန်းတစ်ခုကို သေနတ်သမားများကတိုက်ခိုက်ခဲ့ရာ အနည်းဆုံးလေးဦးသေဆုံးခဲ့ ကြောင်းသိရသည်။ တိုက်ခိုက်မှုအပြီးနာရီပေါင်းများစွာကြာသည်အထိအချို့သောသေနတ်သမားများ စခန်းတွင်းဆက်လက်ရှိ နေပြီး ကွန်မန်ဒို၊ မရိန်းတပ်သားများနှင့်ဆက်လက်ပစ်ခတ်နေခဲ့ကြသည်။ အယ်လ်ဂျာဇီယာသတင်းထောက် ခမေးလ်ဟိုင်ဒါက ကရာချိမှနေ၍သတင်းပေးပို့ခဲ့သည်။
တနင်္ဂနွေနေ့ညပိုင်းက ရေတပ်အဓိကစခန်းဖြစ်သော မီဟရန်စခန်းကို တိုက်ခိုက်ရေးသမား ၁၂ ယောက်ခန့် က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်နက်အပြည့်အစုံတပ်ဆင်ထားသောလူအများအပြားမည်သို့မည်ပုံစခန်းတွင်းရောက်ရှိလာ သနည်းဟူသော မေးခွန်းများထွက်ပေါ်လာစဉ်တွင် ရေတပ်မှာ အရေးပေါ်အခြေအနေကြေငြာထားသည် ဟုသတင်းထောက်က ပြောပါသည်။
လူဦးရေ ၁၆ သန်းရှိသောအနီးရှိကရာချိမြို့နေရာသုံးနေရာမှ အကြမ်းဖက်သမားများက ခိုးဝင်လာခဲ့ကြောင်း ပါကစ္စတန်ပြည်ထဲ ရေးဝန်ကြီး ရဟမန်မာလစ်ကပြောသည်။ ကရာချိသည် အာဖဂန်နေတိုးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများသွား ရာတွင် အဓိကကျသော ဆုံချက်ဆိပ်ကမ်းမြို့ဖြစ်သည်။
“ဝင်းထဲမှာရှိနေတဲ့ အဆောက်အဦတစ်ခုကို သူတို့သိမ်းထားပါသေးတယ်။ ကျွန်တော်ဘက်က စစ်သားတွေနဲ့ အပြန် အလှန်ပစ်ခတ်နေကြပါတယ်။” တနင်္လာနေ့က မာလစ်ကပြောကြားသည်။
“ဒီတိုက်ခိုက်မှုဟာ ရေတပ်ကို တိုက်ခိုက်တာ မဟုတ်ပါဘူး။ ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်တာပါ။”
မာလစ်က ပြောကြား ပြီးဆက်လက်၍ တာလီဘန်နဲ့ အယ်လ်ကေဒါတွေအပေါ် ကိုယ်ချင်းစာသနားနေသော သူများသည် မိမိတို့နှင့်သာလက်တွဲ၍ နိုင်ငံ တော်ကို ကာကွယ်စောင့်ရှောက်သင့်ပါကြောင်းပြောကြားခဲ့သည်။
တိုက်ခိုက်ရေးသမား ၁၅ ယောက်မှ ၂၀ ယောက်အထိရှိကြောင်း စုံစမ်းထောက်လှမ်းရေးက ဆိုသည်။ လေယာဉ်ရုံသုံးရုံကို တိုက်ခိုက် ခံခဲ့ရပြီးဖြစ်သည်။ အဆိုပါတိုက်ပွဲအတွင်း ရေတပ်သားနှစ်ဦး ကျဆုံးသွားကြောင်း စစ်ဘက်ပြောခွင့်ရသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့အရာရှိတစ်ယောက်နဲ့ ရေတပ်သားတစ်ယောက် အသက်ပေးသွားပါတယ်။”
ရေတပ်ပြောခွင့်ရ ဗိုလ်မှူး အီရာဖရန် အူဟက်ခ်က AFP သတင်းသို့ပြောသည်။
တိုက်ပွဲစဖြစ်ရာ ပေါက်ကွဲသံငါးခုထွက်ပေါ်လာခဲ့ကြောင်း ပါကစ္စတန်ရုပ်မြင်သံကြားကကြေငြာသည်။
ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ရာဇာဂီလာနီက အဆိုပါအကြမ်းဖက်မှုကို ရှုံ့ချခဲ့သည်။
“ဒီလိုသရဲဘောကြောင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ပါကစ္စတန်အစိုးရနဲ့ပြည်သူတွေရဲ့ အကြမ်းဖက်မှုနှိမ်နင်း ရေးစိတ်ဓါတ်ကို မတားဆီးနိုင်ပါဘူး။”
ပါကစ္စတန်တာလီဘန်တို့က မိမိတို့လက်ချက်ဖြစ်ကြောင်းနှင့် ဆက်လက်တိုက်ခိုက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သူရဲကောင်း အိုစမာဘင်အတွက်လက်စားချေခြင်းဖြစ်ပါတယ်။ ကျုပ်တို့ဟာ အားကောင်းနေဆဲပဲ၊ ညီညွတ်နေဆဲပဲ ဆိုတာ ပြသလိုက်ခြင်းလည်းဖြစ်တယ်။”
ဖေါ်ထုတ်၍မရသောနေရာတစ်ခုမှနေ၍ ဌာနများသို့ တယ်လီဖုန်းဖြင့် တာလီဘန်ပြောခွင့်ရ အီရှနူလားအီဟန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အိုစမာဘင်လာဒင် သူရဲကောင်းပီသစွာကျဆုံးသွားပြီးကတည်းက တိုက်ခိုက်မှုတွေပိုပြီးကြီးကြီးမားမားလုပ်ဆောင် လက်စားချေသွားမယ်ဆိုတာ ကျုပ်တို့ပြောပြီးသားပါ။” အီဟန်က ဆက်လက်ပြောကြားခဲ့သည်။
Source: Al Jazeera
0 comments:
Post a Comment