Tuesday, May 31, 2011

ဂျပန်သတင်းများ




ကလေးစောင့်ရှောက်ခွင့်ဆိုင်ရာ သဘောတူညီချက် ဂျပန်လက်မှတ်ရေးထိုးမည်

နိုင်ငံတကာတွင် အငြင်းပွားနေသော ကလေးစောင့်ရှောက်ခွင့်ဆိုင်ရာ သဘောတူညီချက်ကို ဂျပန်က လက်မှတ်ရေးထိုးရန်သဘောတူညီလိုက်သည်။G8ထိပ်သီးရှစ်နိုင်ငံတွင်ဂျပန်နှင့်ရုရှနှစ်နိုင်ငံတည်းသာ ဟေ့ဂ်သဘောတူညီချက်ဖြစ် သော ကလေး စောင့်ရှောက်ခွင့်စာချုပ်တွင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။ ဟေ့ဂ်သဘောတူညီချက်မှာ နှစ်ဘက်မိဘအခွင့် အရေးများကိုကာကွယ်ရန်နှင့် ကလေးငယ်ပထမဆုံးနေထိုင်ရာ (မွေးဖွားရာ) တိုင်းပြည်၏စောင့်ရှောက်ခွင့်ဥပဒေနှင့်အညီဆောင် ရွက်နိုင်ရန်သဘောတူညီရသည်။ သို့သော် မိဘနှစ်ပါးစလုံးပူးတွဲစောင့်ရှောက်ခွင့်ကို ဂျပန်များက အပြင်းအထန်ကန့်ကွက်သည်။

ဂျပန် ရေဒီယိုသတ္တိကြွမှုကြောင့် တောင်ကိုရီးယား၊ တရုတ်တို့ ခရီးသွားရန်စိုးရိမ်

ဂျပန်ဖူကူရှီးမားစက်ရုံနျူကလီးယားရေဒီယိုသတ္တ္ဘိကြွမှုကြောင့် ဂျပန်သို့ ခရီးသွားရန်စိုးရိမ်မကင်းကြောင်း တရုတ်နှင့် တောင် ကိုရီးယား ခရီးသွားလုပ်ငန်း ထိပ်တန်းတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ဂျပန်မြေယာ၊ အခြေခံအဆောက်အဦ၊ လမ်းပန်း နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးက စနေနေ့ကပြောကြားခဲ့သည်။
တောင်ကိုရီးယားယဉ်ကျေးမှုဝန်ကြီး ချောင်ဗြုံဂွတ်၊ တရုတ်အမျိုးသားခရီးသွားစီမံခန့်ခွဲရေးဌာန အထွေထွေညွှန်မှူး ရှာအိုကွီဝီး တို့နှင့် တနင်္ဂနွေသုံးနိုင်ငံဝန်ကြီးများခရီးသွားလုပ်ငန်းအစည်းအဝေးမတိုင်မီ အကြိုသီးခြားစီခွဲ၍တွေ့ဆုံခဲ့ပြီးနောက် ဂျပန်ဝန်ကြီး အိုဟာတာပြောကြားခဲ့ ခြင်းဖြစ်သည်။

ချောင်နှင့်ရှာအိုတို့နှစ်ဦးစလုံးက နိုင်ငံတကာခရီးသွားများအတွက် အရေးပေါ်သဘာဝဘေးအန္တရာယ်အခြေအနေကျရောက် မှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်အရေးကြီးကြောင်း အဓိကထားပြောဆိုသွားကြကြောင်း အိုဟာတာကပြောသည်။
“ဖူကူရှီးမား နျူကလီးယားယိုစိမ့်မှုနဲ့ပတ်သက်ပြီးနှစ်နိုင်ငံစလုံးက စိတ်မသက်မသာ ဖြစ်နေကြတယ်။” ဟုအိုဟာတာက ပြောပြီး သက်ဆိုင်ရာသတင်းများကို တရုတ်၊ ကိုရီးယားအစိုးရများအားအသိပေးမည်ဟုကတိပေးခဲ့သည်။

အကယ်၍ ဖူကူရှီးမားနျူကလီးယားနှင့်ပတ်သက်၍ သတင်းအချက်အလက်များလုံလောက်စွာရရှိမည်ဆိုလျှင် ခရီးသွားများကို စိတ်ချလက်ချသွားနိုင်ရန်ပြောဆိုနိုင်မည်ဖြစ်ကြောင်း တရုတ်နှင့်ကိုရီးယားတို့ကပြောကြားသည်။
ဂျပန်သို့အလည်အပတ်လာရန် အိုဟာတာက ကိုရီးယားဝန်ကြီးချောင်ကို ဖိတ်ကြားခဲ့ပြီး ချောင်က လက်ခံခဲ့ကြောင်း ဆိုသည်။
တရုတ်ညွှန်ချုပ် ရှာအိုသည် တရုတ်ခရီးသွားလုပ်ငန်းတာဝန်ရှိကိုယ်စားလှယ် ၁၀၀ ကိုဦးဆောင်၍ တနင်္လာနေ့တွင် ဂျပန်သို့ အလည်အပတ်လာရောက်မည်ဖြစ်သည်။

၂၀၁၈ ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကို တောင်ကိုရီးယားတွင် ဆောင်းရာသီအားကစားဌာနတစ်ခုအဖြစ်နာမည်ကြီး သော ပြုံချမ်းတွင် ကျင်းပနိုင်ရေးအတွက် တောင်ကိုရီးယားက ကြိုးပမ်းလျက်ရှိသည်။ ပြုံချမ်းမြို့သည် ဆိုးလ်မြို့မှ ကီလိုမီတာ ၁၈၀ အကွာတွင်တည်ရှိသည်။


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။