Saturday, May 21, 2011

သတင်းအကျဉ်းများ



အာဖဂန်အသေခံဗုံးခွဲမှု

အာဖဂန်နစ္စတန်၊ ကဘူးရှိ စစ်ဆေးရုံ ခွဲစိတ်လေ့ကျင့်ရေးဌာနတွင်အသေခံဗုံးခွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ ဗုံးခွဲမှုကြောင့် အနည်းဆုံး ၆ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့သည်။
စနေနေ့က ဖြစ်ပွားခဲ့သောဗုံးခွဲမှုတွင် အသေခံဖေါက်ခွဲသူမှာတစ်ဦးတည်းဖြစ်ပြီး ဒုတိယအသေခံဗုံးခွဲမည့်သူတစ်ဦး ဆေးရုံထဲတွင် ရှိနေသေးကြောင်း သိရသည်။
ဒေသစံတော်ချိန် ၁၂း၃၀ တွင် ဆေးရုံအတွင်း စားသောက်ဆိုင်၌ဆေးကျောင်းသားများနေ့လည်စာစားနေစဉ် ဗုံးခွဲခဲ့ခြင်းဖြစ် ကြောင်း ရာဇဝတ်မှုစုံစမ်းရေးဌာန ရဲမှူး မိုဟာမက်ဇဟားက ပြောကြားသည်။ သေဆုံးသူများမှာကျောင်းသားများဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါဖေါက်ခွဲမှုကို မိမိတို့ဆောင်ရွက်ခြင်းဖြစ်ကြောင်းတာလီဘန်တို့က ပြောကြားခဲ့သည်။ တာလီဘန်ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်က အီးမေးလ်ကြေငြာချက်တွင် အသေခံဗုံးခွဲသမား နှစ်ဦးစေလွှတ်ခဲ့ကြောင်းနှင့် အများအပြားသတ်ဖြတ် ခဲ့ကြောင်းဖေါ်ပြထားသည်။
နိုင်ငံခြားတပ်များ၊ အာဖဂန်တပ်များနှင့် အစိုးရဌာနဆိုင်ရာများကို အသေခံဗုံးခွဲမှုများ အပါအဝင် တိုက်ခိုက်မှုများပြုလုပ်သွားရန် လွန်ခဲ့သောလက တာလီဘန်တို့က ကြုံးဝါးပြောဆိုခဲ့သည်။

မလေးရှားမြေပြို

မိဘမဲ့ဂေဟာရှိ အနည်းဆုံးကလေးသုံးဦးသေဆုံးသွားပြီး အခြား ၂၄ ဦးမှာမြေကြီးအောက်နစ်မြုပ်သွားသော မြေပြိုမှုတစ်ခု မလေးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သည်။
မြို့တော်ကွာလာလာမ်ပူ တောင်ဘက်၊ ဆလန်ငေါပြည်နယ်အလယ်ပိုင်း၊ ဟူလူလာငက်ရွာတွင် ဒေသစံတော်ချိန် နေ့လည် ၂း၃၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြေပြိုချိန်တွင် မိဘမဲ့ဂေဟာအတွင်းကလေးငယ်အများအပြားရှိနေပြီး အားလုံးမှာ ၁၈ နှစ်အောက်များသာဖြစ်ကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် ဒီဗျာဂိုပါလန်က ကွာလာလာမ်ပူမှသတင်းပေးခဲ့သည်။
“နောက်ဆုံးရရှိတဲ့ အရေအတွက်အရ ၂၄ ယောက်မြေကြီးအောက်မှာပိသွားပြီးတော့ ၃ ယောက်သေ၊ ၆ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။”
အသက်ရှင်သူ ၆ ယောက်ကိုမီးသတ်သမားများက ဆွဲထုတ်ကယ်တင်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရရှိထားသဖြင့် ဆေးရုံသို့ပို့ဆောင်ထားသည်။
မိုးသည်းထန်စွာရွာသွန်းခဲ့သောကြာင့်မြေပြိုကျခြင်းဖြစ်ပြီး ဆက်လက်ရွာသွန်းဆဲဖြစ်သောကြောင့် ကယ်ဆယ်ရေး အတွက် အနှောက်အယှက်ဖြစ်လျက်ရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

နေတိုးဆီသယ်ယာဉ်ပေါက်ကွဲ

အာဖဂန်နစ္စတန်ရှိ နေတိုးစစ်တပ်များအတွက် လောင်စာဆီသယ်ဆောင်သောယာဉ်တစ်စင်း အနောက်မြောက်ပါကစ္စတန်ဘက် တွင်ပေါက်ကွဲမှုဖြစ်ရာ အနည်းဆုံး ၁၅ ဦးသေဆုံးသွားသည်။
ခိုင်ဘာတိုင်းရင်းသားများနေထိုင်ရာ လန်ဒီကိုတယ်တွင် ညဘက်၌ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ပေါက်ကွဲမှုတွင်သေဆုံးသွားသူများမှာ ဆီကားမှ လောင်စာဆီယူရန်စုရုံးရောက်ရှိလာသူများဖြစ်ပြီး အများအား ဖြင့် ငယ်ရွယ်သူများဖြစ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူ ရှဖီးရူလာ ဝါဇားကပြောသည်။
“အရုဏ်မတက်ခင်လေးပဲ ဗုံးငယ်တစ်လုံးပေါက်ကွဲမှုကြောင့် ဆီကားကိုပေါက်ကွဲစေတာပါ။ မီးငြိမ်းသွားတဲ့ အခါမှာတော့ အနီးအနားကအိမ်တွေက ရွာသားတွေထွက်လာကြပြီးတော့ ပျက်စီးသွားတဲ့ ဆီကားကအကြွင်းအကျန်ဆီတွေကိုလာရောက် ယူကြပါတယ်။ ဒါပေမယ့် ရုတ်တရက် မီးကတစ်ခါပြန်ထတောက်လာပြီးတော့ ရေပုံးလေးတွေနဲ့ ဆီတွေကိုထည့်နေတဲ့ ကလေးငယ်ယောင်္ကျားလေး ၅ ယောက်အပါဝင် ၁၅ ယောက်မီးလောင်သေသွားတာပါ။”



Source: Al Jazeera

1 comments:

Nel said...

Thank you for stopping by! I really do appreciate your taking the time to leave a comment...I read each and everyone of them. I hope your day is a good one and that you will come back again soon. Take care. Nelson Souzza :)

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။