မြို့တော်ထရီပိုလီမှ ၃၀ ကီလိုမီတာအဝေးရှိ တာဂျူရာတွင် နေတိုးဗုံးဒဏ်ကြောင့် မီးခိုးများအူနေပုံ |
စနေနေ့ညက ညလုံးပေါက်ေ ပါက်ကွဲသံများကြားနေရပြီး လစ်ဗျားခေါင်းဆောင်မွမ်မာကဒါဖီ အသုံးပြုလေ့ရှိသော ခြံဝင်းအတွင်းသို့ အနည်းဆုံးတစ်လုံးခန့်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
မြို့တွင်းမှ မီးခိုးလုံးများကောင်းကင်သို့ထိုးထွက်နေပြီး ကျယ်လောင်သောပေါက်ကွဲသံများလည်းကြားရသည်။
နေတိုးလေကြောင်းမှတိုက်ခိုက်မှုကြောင့် မဇ္ဇဒါမြို့အနီးရှိ လူသူအဆောက်အဦးများပျက်စီးသေကြေမှု ရှိကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ကြေငြာခဲ့သည်။
လစ်ဗျား၏ တတိယအကြီးဆုံးမြို့တော်ဖြစ်ပြီး၊ အတိုက်အခံတို့သိမ်းပိုက်ထားသော မစ်ဆူရာတာမြို့တွင် တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး သောကြာနေ့က အနောက်ဘက်မြို့စွန်၌ ဒုတိယနေ့အဖြစ် အကြီးအကျယ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အတိုက်အခံဘက်မှ ငါးဦးသေဆုံးပြီး ဆယ်နှစ်ယောက်ကျော်ခန့်ဒဏ်ရာရခဲ့ကြောင်း မြို့တွင်းရှိဆေးရုံမှ ဆရာဝန်များကပြောသည်။
ရုရှသမ္မတ ဒမီထရီ မက်ဗီဒက်က ကဒါဖီ၏ တရားဝင်မှုကုန်ဆုံးသွားပြီဟု ပြောဆိုပြီးရာထူးမှ ထွက်ခွါရန် ကြားဝင်စေ့စပ်ညှိနှိုင်းပေး မည်ဟု ပြောဆိုလိုက်ပြီး နာရီပိုင်းမျှအကြာတွင် ညလုံးပေါက်တိုက်ပွဲ များဖြစ်ပွားခဲ့သည်။ ရုရှသမ္မတ မက်ဗီဒက်က ကဒါဖီထွက်ခွါသွားသင့်ပြီဖြစ်ကြောင်းသောကြာနေ့ ကပြင်သစ်တွင်ကျင်းပသော G8 ထိပ်သီးဆွေးနွေးပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကဒါဖီသာ ထွက်ခွါဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင် လစ်ဗျားနိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးကျေးဇူးရှိပါမယ်။ ပြီးတော့ ဘယ်တိုင်းပြည်ကလက်ခံမလဲ၊ ဘယ်လိုပုံစံနဲ့လက်ခံမလဲ၊ သူဘာတွေကို စွန့်လွှတ်ရမလဲ ၊ ဘာတွေကို ရရှိနိုင်မလဲ အစရှိတဲ့ ထွက်ခွါမှုနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နိုင်ပါလိမ့်မယ်။”
မက်ဗီဒက်က ထိပ်သီးဆွေးနွေးပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။
အစောပိုင်းက အာဖရိကသမဂ္ဂ၊ တူရကီနှင့် ကုလသမဂ္ဂတို့က ကြားဝင်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြသော်လည်း ကဒါဖီက ထွက်ခွါရန် ငြင်းဆန်ခဲ့ပြီး အတိုက်အခံဘက်ကလည်း ကဒါဖီထွက်ခွါရန်သာတောင်းဆိုခဲ့ကာ ထို့ထက်နည်းနည်းမှ အလျှော့မပေးခဲ့ပေ။
ရုရှသည်ယခင်က လစ်ဗျားအရေးတွင် နေတိုးတို့ဝင်ရောက်စွက်မှုကိုဝေဖန်ခဲ့ပြီး လစ်ဗျားပဋိပက္ခများကိုအဆုံး သတ်ပေးနိုင်မည့် အနေအထားရှိနေနိုင်သည်။ သို့သော်အချို့သောအကဲဖြတ်များက ကဒါဖီ၏ ယခင်နှင့်ယခု ရှိနေသောကြားဝင်စေ့စပ်သူများကို ကဒါဖီက အံတုနေမှုကို ထောက်ပြပြီး ရုရှ၏သြဇာ လွှမ်းမိုးနိုင်မှုမှာလည်း ထင်သလောက်မဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်ထား ကြသည်။
ရုရှ၏ ကြားဝင်မှုဖြင့် ပြဿနာပြေလည်သွားမည်ဟု မထင်ကြောင်းဒေသတွင်းအခြားအင်အားစုများကလည်း ဆိုသည်။
“သူ့ (ကဒါဖီ) ရဲ့စိတ်ကို ကျွန်တော်တို့သိနေတယ်။ သူက ရာထူးကနေဆင်းပေးမှာ မဟုတ်ဘူး။” အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး အမ္မာ ဟာဖစ်ရှ်ကပြောသည်။
လစ်ဗျား အတိုက်အခံ အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌ၊ အတိုက်အခံပြောခွင့်ရ ပုဂ္ဂိုလ် အဗ္ဗဒယ်ဟာဖစ်ရှ် ဂိုဂါက ရုရှအနေနှင့် အမြန်ဆုံးကမ်းလှမ်းခဲ့သင့်ကြောင်းဆိုသည်။
“အခုတော့နောက်ကျသွားပါပြီ။ ပြီးတော့ မက်လောက်တဲ့ကမ်းလှမ်းမှုလည်းမဟုတ်ပါဘူး။” ဟု သူကမှတ်ချက်ချခဲ့သည်။
ယခုကဲ့သို့ ရုရှ၏ ကမ်းလှမ်းမှုသည် အာရပ်အုံကြွမှုများပြီးဆုံးပြီးနောက်တွင် ဒေသတွင်း၌ အတိုင်းအတာ တစ်ခုအထိ သြဇာသက် ရောက်နိုင်ရန်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု အကဲဖြတ်များကလည်း သုံးသပ်ကြသည်။ ထို့ပြင် လစ်ဗျား၏ ဓါတ်ငွေ့နှင့် လောင်စာဆီများကို မက်ဗီဒက်အနေနှင့် မျက်စိကျနေခြင်းဖြစ်နိုင်ကြောင်း၊ နောက်ပိုင်းတွင် ယင်းမက်လောက်စရာ အကျိုးအမြတ် များကို ပြိုင်ဘက်များကသာ ချယ်လှယ်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။
Source: Al Jazeera
0 comments:
Post a Comment