Thursday, June 2, 2011

ဂူးဂဲလ်ကို ဖေါက်ထွင်းရန် တရုတ်ကြိုးပမ်း

အမေရိကန် အစိုးရအရာရှိများ၊ တရုတ်တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားတို့၏ Google mail Account များကို တရုတ်နိုင်ငံအခြေစိုက် ဟက်ကာများက ဖေါက်ထွင်းဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြကြောင်း ဂူးဂဲလ် မှပြောကြားလိုက်သည်။

ရှန်ဒေါင်းပြည်နယ်၊ ယီနန် မှဟုယူဆရသော ဖောက်ထွင်းသူများက ချိုးဖေါက်ဝင်ရောက်ရန်၊ Account များကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဂူးဂဲလ်က အချိန်မီသိရှိပြီး တားဆီးနိုင်ခဲ့ကြောင်း ကမ္ဘာ့အကြီးဆုံး အင်တာနက်ရှာဖွေရေး ဝက်ဘ်ဆိုက် ပိုင်ရှင် ဂူးဂဲလ်ကုမ္ပဏီက ကြာသပတေးနေ့က ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ရေးသားဖေါ်ပြခဲ့သည်။



အဆိုပါဖြစ်ရပ်ကို စုံစမ်းနေခဲ့သည်ဟု အမေရိကန် အကြီးတန်းစစ်အရာရှိတစ်ဦးက ပြောသည်။ “ဂူးဂဲလ်ကို ဖေါက်ထွင်းဖို့ကြိုးစားတဲ့ ဖြစ်ရပ်အပေါ် ကာကွယ်ရေးဌာန (The Department of Defense – DoD) က သတိထားနေပါတယ်။ ” အဆိုပါ အရာရှိက ဝါရှင်တန်ရှိ အယ်လ်ဂျာဇီယာသတင်းထောက် ရိုဆာလင်း ဂျော်ဒန်ကို ပြောခဲ့သည်။


“ဒါပေမယ့် Gmail ကိုလည်းဖေါက်ဖို့ကြိုးစားတယ် ဆိုတဲ့အထဲမှာပါတယ်ဆိုတော့ ဒါတွေကတော့ DoD ရဲ့ တရားဝင် အီးမေးလ်တွေ မဟုတ်ဘူး။ ဝန်ထမ်းတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအီးမေးလ်တွေပဲဆိုတော့ ဒါကိုတော့ ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ဂူးဂဲလ်ကကြေငြာချက်ထုတ်ပြန်ထားတာနဲ့ FBI ကစုံစမ်းတွေ့ရှိထားသလောက်ပဲ ကိုးကားပြီး ကျွန်တော်တို့ပြောပြလို့ရမှာပါ။”


လွန်ခဲ့သောတစ်နှစ်ကျော်မှစ၍ ဂူးဂဲလ်ကို တိုက်ခိုက်လာမှုများကို ခြေရာခံရာတွင် တရုတ်မှဖြစ်နေသည်။ ယခုအခါ ထပ်မံတိုက်ခိုက်လာပြန်သဖြင့် ဘေဂျင်းနှင့် ဝက်ဘ်ဆိုက် ကုမ္ပဏီကြီးတို့  ကြားနောက်ထပ် ဆက်ဆံရေးတင်းမာမှုများတိုပွား လာနိုင်ဖွယ်ရှိသည်။



Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။