Sunday, June 5, 2011

ယောဂဆရာကြီးက အိန္ဒိယအစိုးရကို ဖိအားပေးရန်အစာငတ်ခံဆန္ဒပြ


ယောဂဆရာကြီး ဘာဘာရမ်ဒက်ဗ်

အိန္ဒိယနိုင်ငံတွင် ထင်ရှားကျော်ကြားသော ယောဂဆရာ၏ ဦးဆောင်မှုဖြင့် နောက်လိုက်နောက်ပါအများ၏ အစာငတ်ခံဆန္ဒပြမှု ကို အိန္ဒိယရဲများက ယောဂဆရာကို ခေတ္တဖမ်းဆီးထိန်းသိမ်းပြီး မျက်ရည်ယိုဗုံးကို အသုံးပြု၍ လူစုခွဲခဲ့သည်။

ဘာဘာရမ်ဒက်ဗ် ဟုအမည်ရသော ယောဂဆရာသည် စကော့တလန်တွင် ဒေါ်လာသန်း ၄၀ တန်သော ကျွန်းတစ်ကျွန်းပိုင်ဆိုင် ပြီး ထောက်ခံသူ သန်း ၃၀ ခန့်ရှိသည်။ အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လျက်ရှိသော အကျင့်ပျက်ခြစားမှုများကို အစိုးရမှ
အရေးတယူပြုလာစေရန်ဖိအားပေးသည့်အနေနှင့် နယူးဒေလီတွင် စနေနေ့မှ စတင်ကာ အစာငတ်ခံဆန္ဒပြခဲ့သည်။

တနင်္ဂနွေနေ့တွင် ရဲများက အစာငတ်ခံဆန္ဒပြရာနေရာကို ရုတ်တရက်ဝင်ရောက်စီးနင်းပြီး ယောဂဆရာနှင့် နောက်လိုက်နောက်ပါ ထောင်ပေါင်းများစွာကို လူစုခွဲပစ်ခဲ့သည်။ လူသုံးဆယ်ခန့်ဒဏ်ရာရရှိခဲ့သည်။

ရဲများက ဘာဘာရမ်ဒက်ဗ်ကို လုံခြုံရေးအရဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းပြန်လည်လွှတ်ပေးခဲ့ကြောင်း ရဲဌာနပြောခွင့်ရ ရာဂျန်ဘားဂတ်က ပြောသည်။
“ခွင့်ပြုထားတာက ယောဂကျင့်ဖို့အတွက် လူ ၅,၀၀၀ တည်းပါ။ ဆန္ဒပြဖို့ လူ လူ ၅၀,၀၀၀ မဟုတ်ပါဘူး။ ဒါကြောင့် ခွင့်ပြုချက်ကို ရုပ်သိမ်းပြီး သူတို့ကို ထွက်သွားကြဖို့ ပြောတာပါ။”

အစိုးရကို ဘာဘာရမ်ဒက်ဗ်၏ အဓိတောင်းဆိုမှုမှာ နိုင်ငံခြားတွင်သိမ်းဆည်းသိုမှီးထားသော လာဘ်စားခြင်းဖြင့်ရရှိထားသော စည်းစိမ်ဥစ္စာများကို စိစစ်အရေးယူပေးရန်ဖြစ်သည်။
ရမ်ဒက်ဗ်၏ တောင်းဆိုချက်အများစုကို အစိုးရက သဘောတူခဲ့ပြီးဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သော်လည်း သူက ဆန္ဒဆက်လက်ပြရန် ဆုံးဖြတ်ခဲ့သည်။
တနင်္ဂနွေနေ့ စီးနင်းမှုကြောင့် ဘာဘာရမ်ဒက်ဗ်၏ ဆန္ဒပြမှုမှာ ပိုမိုအရေးပါသကဲ့သို့ဖြစ်သွားပြီး နိုင်ငံတစ်ဝှမ်းထောက်ခံသူများ အုံကြွမှုကို ဖြစ်စေခဲ့သည်။
လွန်ခဲ့သော အပတ်က လူထုအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော စစ်ပြန်ကြီး အန်နာဟာဇဲက အလားတူ အစာငတ်ခံဆန္ဒ ပြမှုမျိုးဖြင့် အိန္ဒိယ လူလတ်တန်းစားများကို နှိုးဆော်ခဲ့ပြီး အစိုးရကို ဖိအားပေးခဲ့သေးသည်။
လွန်ခဲ့သောလအနည်းငယ်မှ စ၍အကျင့်ပျက်ခြစားမှုသတင်းများထွက်လာခဲ့ပြီး အစိုးရအပေါ်လူထုထောက်ခံမှုကျဆင်းလျက်ရှိ သည်။ ယင်းအထဲတွင် အစိုးရအကြီးပိုင်းများအများအပြားပါဝင်ပြီး ယခုအခါ ထောင်ကျနေသော ဆက်သွယ်ရေးဝန်ကြီးဟောင်း အပါအဝင်ဖြစ်သည်။ အစိုးရအတွက် ရှက်ဖွယ်လိလိပင်ဖြစ်တော့သည်။

Source: Al jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။