Wednesday, August 10, 2011

တောင်ကိုးရီးယားဘက်သို့ မြောက်မှ လက်နက်ကြီးကျ


တောင်ကိုရီးယား ကျွန်းဘက်သို့ ဦးတည်ကာ မြောက်ကိုရီးယားက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လေ့ကျင့်မှု ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား သတင်းတွင် ဖေါ်ပြခဲ့ကာ အစိုးရတာဝန်ရှိသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။

ပစ်ခတ်လိုက်သော အမြှောက်ဆံများ အင်္ဂါနေ့က ယုံပြောင်း ကျွန်းအလွန် ရေပြင်သို့ ကျရောက်ခဲ့ပြီး တောင်ကိုရီးယား နယ်နိမိတ် အတွင်း ဟုတ်၊ မဟုတ် အသေအချာ မသိရသေးကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
တောင်ကိုရီးယား ကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ယုံဟက် သတင်းဌာန ကကြငြာခဲ့သည်။ ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ဝန်းကျင်၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

“ပစ်ခတ်သံ (၃) ခါကြားရတယ်။ တစ်ခုက မြောက်ဘက် ကန့်သတ်မျဉ်း အနားမှာ ကျတယ်။” စစ်တပ် တာဝန်ရှိသူ တစ်ဦး၏ ပြောကြားမှုကို ယုံဟက် သတင်းဌာနက ကိုးကား ပြောဆိုခဲ့သည်။
နယ်မြေတွင်းရှိ ငါးဖမ်း သင်္ဘောများကို ကမ်းသို့ ပြန်လာရန် ညွှန်ကြားခဲ့ပြီး ယုံပြောင် ကျွန်းပေါ်ရှိ ဒေသခံများကို အရေးပေါ် ဘေးကင်းရာ နေရာများသို့ ပြောင်းရွှေ့ပေးခဲ့သည်။

အဆိုပါ ပစ်ခတ်မှုမှာ အငြင်းပွား မြောက်ဘက် ကန့်သတ်မျဉ်း အနီးတွင် ဖြစ်ပွားခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ် အတွင်း မကြာခဏ ဆိုသလို နှစ်ဘက် စစ်တပ်များ ပြတ်တောင်း၊ ပြတ်တောင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သော ၂၀၁၀ နိုဝင်ဘာလ အတွင်းကလည်း မြောက်ကိုရီးယားမှ အမြှောက်ဖြင့် ပစ်ခတ်မှုကြောင့် ကျွန်းပေါ်ရှိ တောင်ကိုရီးယား (၄)ယာက် သေဆုံးခဲ့သည်။


၂၀၁၀ မတ်လတွင် တောင်ကိုရီးယား စစ်သင်္ဘော ချီအွန်နန်ပေါက်ကွဲမှု ဖြစ်ပွားပြီး သင်္ဘောသား (၄၆)ယောက် သေဆုံးခဲ့ရသည်။ ယင်းကိစ္စသည် သူတို့ လက်ချက် မဟုတ်ကြောင်း မြောက်ကိုရီးယား ပြုံယမ်း အစိုးရက ငြင်းဆိုခဲ့ပြီး နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး များကမူ မြောက်ကိုရီးယား လက်ချက် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြုံယမ်း နျူကလီးယား အဆုံးသတ်ရေး အတွက် ရပ်ဆိုင်းထားရသော (၆)နိုင်ငံ ဆွးနွေးပွဲ အပါအဝင် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည် ပြုလုပ်ရန် ပြုံယမ်းမှ ကမ်းလှမ်းခဲ့သော ယခုနှစ် ဆန်းပိုင်းမှ စတင်ကာ တင်းမာမှုများ လျော့ပါးနေစဉ်တွင် ယခုကဲ့သို့ ပစ်ခတ်မှု ပြန်လည် ဖြစ်ပွားခြင်းဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။