Wednesday, August 31, 2011

ကဒါဖီ၏ တတိယသား လက်နက်ချရန် ကမ်းလှမ်း


လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီ၏ တတိယသား ဆာဒီကဒါဖီက သူပုန်တို့ထံ လက်နက်ချလိုကြောင်း ကမ်းလှမ်းလာသည် ဟု လစ်ဗျား အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ အကြီးတန်း အရာရှိတစ်ဦးက အယ်လ်ဂျာဇီယာသို့ ပြောသည်။ 
ထရီပိုလီရှိ စစ်ခေါင်းဆောင် အဗ္ဗဒယ်ဟာခင် ဘယ်ဟာ့ခ်ျက ဆာဒီသည် သူ့ထံသို့ဖုန်းဆက်၍ လက်နက်ချလိုကြောင်းပြောဆိုခဲ့ သည်ဟု ဗုဒ္ဓဟူးနေ့က ပြောသည်။ 
ဘယ်ဟာ့ခ်ျနှင့် အင်တာဗျူးရာတွင် အစိုးရဟောင်း၏ အရေးပါသူများမည်သည့်နေရာတွင် ရှိကြောင်း မိမိတို့သူပုန်များက အတိအကျ သိရှိထားကြောင်း၊ ကဒါဖီကိုယ်တိုင် မည်သည့်နေရာတွင် ရှိနေသည်ကို အတည်မပြုနိုင်သေးသော်လည်း သိရှိထား ကြောင်း ပြောဆိုခဲ့သည်။ 
          “ကဒါဖီထွက်ပြေးနေပါတယ်။ ဒါပေမယ့် သူဘယ်မှာရှိနေတယ် ဆိုတာ ကျွန်တော်တို့ 
ကောင်းကောင်း သိထားပါတယ်။ သူ့ကို ဖမ်းဆီးနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။” ဟု NTC ဝန်ကြီးတစ်ဦးဖြစ်သူ အလီတာဟူနီက လိုတိုရှင်းပြော သည်။

ကဒါဖီသည် မွေးရပ်မြေဖြစ်သော ဆာ့တ်မြို့တွင် ခိုလှုံနေသည်ဟု ထင်မြင်ယူဆမှုများရှိနေပြီး အခြားသစ္စာခံများ အခိုင်အမာရှိနေသော ဘန်နီဝါလစ်နှင့် ဆက်ဘ်ဟာ မြို့များတွင်လည်း ဖြစ်နိုင်ကြောင်း ဆိုကြသည်။ 
ဘယ်ဟာ့ခ်ျ၏ ပြောဆိုမှုအရ ဆာဒီသည် လစ်ဗျားကို မစွန့်ခွာလိုပဲ NTC နှင့်စကားပြောဆိုပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လို ကြောင်း ထရီပိုလီမြို့ရောက် အယ်လ်ဂျာဇီယာသတင်းထောက် ဂျိမ်းစ်ဘေးက သတင်းပေးပို့ခဲ့သည်။ 

မည်သည့်နေရာမှ ဖုန်းခေါ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သူသိကြောင်း ဘယ်ဟာ့ခ်ျက ဆိုသည်။ 

ယခင်ဝန်ကြီးချုပ်ဟောင်းအပါအဝင် အစိုးရဟောင်းမှ ပုဂ္ဂိုလ်ကြီးအချို့လက်နက်ချအညံ့ခံရန် အသင့်ဖြစ်နေလိမ့်မည်ဟု သူယုံကြည်ကြောင်းဆိုသည်။ 
          “လက်နက်ချ အညံ့ခံလာတဲ့လူတွေကို ကောင်းကောင်းမွန်မွန် လက်ခံမယ် ဆိုတဲ့အကြောင်း ဘယ်ဟာ့ခ်ျက အဓိကထား ပြောဆိုသွားပါတယ်။ ပြီးတော့ တရားစီရင်ရေးတွင် နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း ဖြစ်စေရမည်ဟု ဆိုသည်။ ကဒါဖီကတော့ အညံ့ခံဖွယ်မမြင်ကြောင်း အကယ်၍ အညံ့ခံခဲ့လျှင် သူ့ကိုလည်း တရားမျှတစွာပင် ဆက်ဆံသွားမည် ဖြစ်ကြောင်း၊ လူ့အခွင့်အရေး အပြည့်အဝဖြင့် ထိန်းသိမ်းထားမည်သာဖြစ်ကြောင်း" များလည်းပြောဆိုသွားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။