Wednesday, August 24, 2011

တိုကျိုမြို့တော်ဝန်ပြောတဲ့ ဂျပန်ဝန်ကြီးချုပ်အသစ်

တိုကျုမြို့တော်ဝန် အီရှီဟာရ

နောက်အသစ်တက်မည့် ဝန်ကြီးချုပ်ရာထူးအတွက် ကမ္ဘာ့ဖလား အနိုင်ရ အမျိုးသမီး အသင်းခေါင်းဆောင် အသက် ၃၂ နှစ်ရှိ ဟိုမာရီဆာဝါကို ဝန်ကြီးချုပ် တင်မြှောက်သင့်ကြောင်း တိုကျို မြို့တော်ဝန် ရှင်တာရိုအီရှီဟာရက ပြောကြား လိုက်ပါတယ်။ ဂျာမဏီတွင် ကမ္ဘာ့ဖလား အမျိုးသမီး ဗိုလ်လုပွဲကို အနိုင်ရရှိခဲ့သော ဂျပန်အမျိုးသမီး ဘောလုံးအသင်းတွင် ပါဝင်သည့် အဖွဲ့ဝင် လေးဦးကို တိုကျိုမြို့ပြ အစိုးရက နာဒက်ရှီကို ခေါ် အထူးဂုဏ်ပြုဆု ချီးမြှင့်သော အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ရှင်ဂျုကု ရှိ တိုကျိုမြို့ပြ အစိုးရ အဆောက်အဦတွင်ကျင်းပသော ယင်းအခမ်းအနားသို့ ပရိတ်သတ် ၂,၃၀၀ တက်ရောက်ခဲ့ပါတယ်။ ဂုဏ်ပြုဆုကို ဆာဝါအပါအဝင် ကာရီနာ ၂၈ နှစ်၊ အာဇူဆာ အီဝါရှီမီဇု ၂၄ နှစ်၊ မာနာအီဝါဘူချီ ၁၈ နှစ်တို့လည်း ရရှိခဲ့ကြပါတယ်။

“ဂျပန်မှာ ယောင်္ကျားတွေ သုံးမရတော့ဘူး။ ကျုပ်တောင် မင်းတို့လို မိန်းမခေါင်းဆောင်တွေ လုပ်ပြီး လမ်းပြ ဦးဆောင်လိုက်ချင်တယ်။” ဟု အမျိုးသမီး ဘောလုံးသမား လေးဦးကို သူက ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အသင်းခေါင်းဆောင် ဆာဝါက နောက်နှစ် စက်တင်ဘာလမှာ လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ် အားကစား ပွဲတော်မှာ အောင်မြင်မှုရဖို့အတွက် လုံးပမ်းနေရပြီး နိုင်ငံရေးကိုလည်း စဉ်းစားချိန် မရှိသေးကြောင်း ပြန်ပြောခဲ့ပါတယ်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။