Tuesday, September 13, 2011
ဂီတပညာရှင်များ အသက်ကြီးသောအခါ အကြား အာရုံ ပိုမို၍ကာင်းမွန်
ဂီတ တူရိယာ တစ်ခုခုအား ဘဝတစ်သက်တာလုံး တီးခက်ခြင်းသည် နောင်တစ်ချိန် အသက်အရွယ် ရလာသည့်အခါ၌ အကြားအားရုံ တခြားသူများထက် ပို၍ကောင်းမွန်သည်ဟု ကနေဒါ သုတေသန အဖွဲ့မှ ပြောဆိုလိုက်သည်။
ကနေဒါနိုင်ငံတွင် စိတ်ပိုင်းနှင့် အသက်အရွယ်ပိုင်းဆိုင်ရာ လေ့လာရေးအဖွဲ့မှ ဂီတပညာရှင် ၇၄ယောက်နှင့် ရိုးရိုး သာမန် အသက် ၈၉ ယောက်တို့အား အကြားအာရုံဆိုင်ရာ လေ့လာစမ်းသက်မှု တစ်ခု ပြုလုပ်ခဲ့သည်။
ယင်းစမ်းသက်မှုတွင် အသက် ၇၄ နှစ်ခန့်ရှိသော ဂီတပညာရှင်များသည် အသက် ၅၀ အရွယ်ရှိ ဂီတပညာရှင် မဟုတ်သော သာမန်လူတို့ထက် အကြားအာရုံ ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့သည်။
"အကြားအာရုံ ချို့ တဲ့နေတဲ့ သူတွေရဲ့  လှုပ်ရှားမှုပုံစံကို ကြည့်ခြင်းအားဖြင့် ဂီတပညာရှင်တွေ အပါအဝင် လူသားအားလုံး အကြားအားရုံ ပျက်ဆီးမှု ပြဿနာကို ပထမဆုံးအနေနဲ့ ကာကွယ် တားဆီးရမှာဖြစ်ကြောင်း" တက်ကြွ လှုပ်ရှားသူများက ပြောကြားခဲ့သည်။
ပုံမှန်အားဖြင့် အသက်အရွယ် ၆၀ခန့် လူကြီးများသည် ၁၀%မှ ၃၀% လောက်သာ အကြားအားရုံ သိသိသာသာ ကျဆင်းလာပြီး အသက် ၈၀ အရွယ်တွင် ၆၀%ထိ ကျဆင်းကြောင်း ဖော်ပြထားသည်။
ယင်းပြဿနာအား မိမိတို့ ကြားနိုင်ရန်အတွက် အလုပ်လုပ်ပေးသော နားအတွင်း နေရာ တစ်ခုတစ်ခုတွင် တွေ့ရပြီး၊ ၄င်းသည် နှုတ်သင်္ကေတများအား နားလည်ရန် ဆောင်ရွက်ပေးသည့် နေရာနှင့် ဆက်စပ်လျက် ရှိကြောင်း သိရသည်။ များသောအားဖြင့် နောက်ခံ ဆူညံသံများ ရှိသောနေရာ၊ မီးရောင်စုံများ ယမကာများဖြင့် ဖျော်ဖြေနေသည့် ပွဲတော် နေရာများကြောင့် ဖြစ်ကြောင်း ဖော်ပြချက်များအား မကြာခဏ တွေ့ရှိရလျက် ရှိသည်။
ယခင် လေ့လာချက်များတွင်လည်း ဂီတသမားများသည် သာမန်လူတို့ထက် အကြားအာရုံ ပို၍ကောင်းမွန်ကြောင်း ပြသခဲ့ပြီးဖြစ်သည်။
သို့သော် လက်ရှိ သုတေသနသည် ကနေဒါနိုင်ငံ တော်ရွန်ဒို တက္ကသိုလ်ရှိ ရော့တ်မန် သုတေသနဌာနမှ အဖွဲ့တစ်ဖွဲ့၏ ရှာဖွေ တွေ့ရှိချက်ဖြစ်ပြီး၊ ၁၈ နှစ်ပြည့် အရွယ်ရောက်သူများနှင့် ၉၁နှစ်ရှိ လူအိုပိုင်းတို့၏ အသက်အရွယ်နှင့် အရွယ်အလိုက် ဆိုးကျိုးများ သက်ရောက်ပုံကို သေချာ လေ့လာခဲ့ခြင်းဖြစ်သည်။
ဂီတပညာရှင်များသည် အသံမကြားပဲ နှုတ် သင်္ကေတများအား အလွယ်တကူ မြင်သာနိုင်သည်။
ထို့နောက် လေ့လာသူများက "ဂီတပညာရှင်များသည် ၄င်းတို့၏ အကြားအာရုံ စနစ်အား ပုံမှန် အခြေအနေတို့တွင် အမြင့်ဆုံးနှင့် စနစ်ကျစွာ အသုံးပြုခြင်းကြောင့် အရွယ်အလိုက် ဦးနှောက်၏ ပြောင်းလဲမှု ပုံစံ မြန်ဆန်မှုအား သက်သာစေခြင်းဖြစ်ကြောင်း" ပြောကြားသွားခဲ့သည်။
Source: BBC
0 comments:
Post a Comment