Thursday, September 15, 2011

ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတတို့ လစ်ဗျားသို့သွားမည်


ပြင်သစ်နှင့် ဗြိတိန်ခေါင်းဆောင်များ လစ်ဗျားသို့သွားရောက်ကာ ခေါင်းဆောင်သစ်များကို ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ကြမည် ဖြစ်သည်။ နေတိုးနှင့် လစ်ဗျားတော်လှန်ရေးသမားများကလည်း ဘန်နီဝါလစ်ကို ထိန်းချုပ်နိုင်ရန် ဆက်လက် တိုက်ခိုက်လျက်ရှိ သည်။
ဗြိတိန်ဝန်ကြီးချုပ်ကင်မရွန်းနှင့် ပြင်သစ်သမ္မတနီကိုလပ်စ်ဆာကိုဇီ တို့သည် ကြာသပတေးနေ့တွင် လစ်ဗျားသို့သွားရောက်မည် ဖြစ်ပြီး ကဒါဖီကိုဖယ်ရှားရေးအတွက် နေတိုးက အဓိကကူညီခဲ့သည်ဟူသော ပြည်တွင်းမှ ဝေဖန်မှုများကို ဂရုမစိုက်ခဲ့ပေ။
သူတို့နှစ်ယောက်ကို လစ်ဗျားလမ်းမများပေါ်တွင် လှိုက်လှိုက်လှဲလှဲကြိုဆိုနေကြသည်။
“ကျေးဇူးတင်ပါတယ် ဆာကိုဇီ” “ကျေးဇူးတင်ပါတယ် ဗြိတိန်” ဟူသော စာများကိုလည်း နေရာအနှံ့တွေ့ကြရသည်။

လစ်ဗျားအရေးတွင် အလောင်းအစားပြုကာ ဝင်ရောက်ကူညီခဲ့ခြင်းအတွက် ပြည်တွင်း၌အမြင်မတူသူများ၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရသော ပြင်သစ်နှင့် ဗြိတိန်ခေါင်းဆောင်များအတွက် ယခုခရီးစဉ်သည် ထိုသူများ၏ ထောက်ခံမှုများရရှိနိုင်သော ခရီးစဉ် ဖြစ်သည်။

အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC) ဥက္ကဋ္ဌက လစ်ဗျားခေါင်းဆောင်ဟောင်းကဒါဖီကိုယ်တိုင် လက်နက်မချ သေးသည့်အပြင် သူ့ကိုသစ္စခံသူများက ဆက်လက်ခုခံနေဆဲဖြစ်၍ ရှေ့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် ဘန်ဂါဇီနှင့် ထရီပိုလီမြို့များသို့ အလည်အပတ်လာရောက်မည်ဖြစ်ကြောင်း NTC ဒုတိယ ဥက္ကဋ္ဌ အဘ္ဘဒယ်လ်ဟာဖစ်ဇ်ဂိုဂိုက ပြောသည်။
ခြောက်လကြာပြည်တွင်းစစ်ကြောင့် ရပ်ဆိုင်းထားခဲ့ရသော လစ်ဗျားရေနံထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်မည် ဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် အနောက်နိုင်ငံများက လစ်ဗျားအတိုက်အခံအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းတွင် အသိအမှတ်ပြုရန် စိုးရိမ်ပူပန်မှုများရှိနေသည်။
သို့သော် လစ်ဗျားသည် အနောက်နိုင်ငံများ၏ အကျိုးစီးပွားများကို ထိခိုက်အောင်မလုပ်ခဲ့ကြောင်း မက်နော့က ပြောသည်။
“ NTC ဟာ နိုင်ငံတကာနဲ့ တည်ဆဲသဘောတူညီချက်များအပေါ် အလေးအနက်ထား တယ်လို့ မကြာခဏ ပြောပြောနေပါတယ်။ အမှန်တော့ ခေတ္တရပ်တန့်သွားတာပါ။ အားလုံးထဲမှာ လစ်ဗျားအနေနဲ့ အရေးကြီးဆုံးလုပ်ဆောင်ပေးရမှာ က စီးပွားရေးအရစာချုပ်ချုပ်ထားတဲ့ နိုင်ငံတွေကို လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်တွေပေးပြီး ရပ်တန့်ထားခဲ့ရတဲ့ အလုပ်တွေကို ပြန်လုပ်နိုင်အောင် ဆောင်ရွက်ပေးဖို့ပါပဲ။ ”

တူရကီသမ္မတအာဒိုဂန်လည်း သောကြာနေ့တွင် လစ်ဗျားသို့ရောက်ရှိမည်ဖြစ်သည်။ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ကာမဲလ်အမ္မာလည်း သွားရောက်ဦးမည်ဖြစ်သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။