Wednesday, September 14, 2011

အိန္ဒိယတွင် ရထားတိုက်မှုဖြစ်ပွား


အိန္ဒိယတောင်ပိုင်းတွင် ရပ်နေသောရထားတစ်စင်းကို ခုတ်မောင်းလာသော ရထားတစ်စင်းက ဝင်တိုက်မိရာ ၁၀ ဦးသေဆုံးပြီး ၅၂ ဦးဒဏ်ရာရရှိခဲ့သည်။
တမီလ်နာဒူပြည်နယ်မြို့တော်ဖြစ်သော ချန်နိုင်းမြို့အနီး အင်္ဂါနေ့က် ဖြစ်ပွားသော ယင်းမတော်တဆမှုတွင် ရထားတွဲသုံးတွဲ လမ်းချော်ထွက်သွားခဲ့ကြောင်း ရဲအရာရှိတစ်ဦးဖြစ်သော ဆာလန်ဒရာဘာဘူ ကပြောသည်။
မတော်တဆမှုမှာ ညဘက်မိုးသည်းထန်စွာရွာသွန်းနေစဉ်ဖြစ်ပွားခဲ့ကြောင်း နောက်ထပ်ရဲတစ်ဦးဖြစ်သော ကေအမ်ဘာဘူ က အေပီသတင်းဌာနသို့ ပြောပြခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများလည်း နှောင့်နှေးခဲ့ရ ကြောင်း အိန္ဒိယ Press Trust သတင်းစာကဖေါ်ပြခဲ့သည်။
သေဆုံး၊ ဒဏ်ရာရသူများကို လျော်ကြေးပေးမည်ဖြစ်ကြောင်း၊ အဖြစ်အပျက်အသေးစိတ်ကို စုံစမ်းသွားမည်ဖြစ်ကြောင်း အိန္ဒိယ မီးရထားဝန်ကြီးက ပြောကြားခဲ့သည်။
ရက်များမကြာသေးမီက ဥတာပရာဒက်ရှ် ပြည်နယ်တွင် လူ ၈၀ သေဆုံးခဲ့ရသော ရထားလမ်းချော်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
ထို့ပြင် ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်တွင် ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျပြီး လူ ၁၂ ယောက်ကျော်သေဆုံးခဲ့ရသော မတော်တဆမှုတစ်ခုလည်း အင်္ဂါနေ့က ဖြစ်ပွားခဲ့သေးသည်။ မျက်မြင်သက်သေများ၏ အဆိုအရ လမ်းမပေါ်တွင် ရောက်ရှိနေ သော ဆိတ်ကို တိုက်မိမည်စိုးသဖြင့် ကားသမားက ကားကို ကွေ့ရှောင်ခဲ့ရာမှ ချောက်ထဲပြုတ်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။