Thursday, September 15, 2011

ယီမင်တွင် ပစ်ခတ်မှုဖြစ်ပွား


ကြာသပတေးနေ့က ယီမင်နိုင်ငံ မြို့တော်ဆာနား၏ အယ်လ်-ဟက်ဆာဘာခရိုင်တွင် အိမ်တစ်လုံးပေါ်သို့ အမြှောက်ဆံကျ ရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားနှစ်ဦးသေဆုံးသွားကြောင်း တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ရှိတ်ဆဆာဒေါ့ အယ်လ်-အာမာ၏ ရုံးမှ သတင်းပေးပို့ခဲ့သည်။
အင်အားအကြီးဆုံးတိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော အာမာ၏ တပ်နှင့် သမ္မတဆာလဲ၏ အစိုးရတပ်များတိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ယီမင်တိုင်းမ်၏ လက်ထောက်အယ်ဒီတာဟောင်း မိုဟာမက်အယ်လ်-ခါဒီက အယ်လ်ဂျာဇီယာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ယီမင်သမ္မတ ဆာလဲကို နှုတ်ထွက်ပေးရန်တောင်းဆိုကြသော တိုင်းရင်းသားခေါင်းဆောင်များထဲတွင် အာမာလည်း အပါအဝင် ဖြစ်သည်။ အမြှောက်ဖြင့် ပစ်ခတ်မှုကြောင့် အာမာ၏ တပ်သားနှစ်ဦးလည်း ဒဏ်ရာရရှိသွားကြောင်းသိရှိရသည်။

ထို့ပြင် ကြာသပတေးနေ့က အေဒင်ဆိပ်ကမ်းမြို့ရှိ ရဲစခန်းအနီးဗုံးပေါက်ကွဲမှုနှစ်ခုဖြစ်ပွားပြီးနောက် နှစ်ဘက်အပြန်အလှန် ပစ်ခတ်ကြ ရာမှ ၁၄ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးသေဆုံးပြီး အခြား ၅ ဦးဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုခုကို ဖေါက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလုံခြုံရေးတာဝန်ရှိသူတစ်ဦးကပြောသည်။
တတိယပေါက်ကွဲမှုမှာ ထောက်လှမ်းရေးဌာနကို ပစ်မှတ်ထားဖေါက်ခွဲခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ယီမင်နိုင်ငံတွင် ၃၃ နှစ်ကြာအုပ်ချုပ်လာခဲ့သော သမ္မတဆာလဲ၏ အုပ်ချုပ်ရေးအဆုံးသတ်နှုတ်ထွက်ပေးရန် ဖေဖေါ်ဝါရီလက ဆန္ဒပြတောင်းဆိုမှုများပေါ်ပေါက်လာခဲ့ပြီး ဇွန်လအတွင်းက သမ္မတအိမ်တော်ကို တိုက်ခိုက်ခံရမှုကြောင့် အပြင်းအထန်ဒဏ်ရာရ ရှိခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးတာဝန်ရှိသူများက ဆာလဲအနေနှင့် နိုင်ငံရေးအကြပ်အတည်းများကို ဖြေရှင်းနိုင်ခြင်းမရှိပါက ပြည်တွင်းစစ်ပေါ်ပေါက်လာမည်ဖြစ်ကြောင်း အင်္ဂါနေ့က သတိပေးပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။