Friday, September 16, 2011

နေနှစ်လုံးကို ပတ်နေသော ဂြိုလ်


သိပ္ပံဆန်းကြယ်ဇါတ်လမ်းများတွင် စိတ်ကူးယဉ်ဆန်ဆန်ရေးဖွဲ့ဖေါ်ပြလေ့ရှိသော နေနှစ်လုံးရှိသည့် ဂြိုလ်မျိုး ပြင်ပစင်္ကြာဝဠာတွင် အမှန်တကယ်ရှိကြောင်း အာကာသစူးစမ်းလေ့လာရေးပညာရှင်များ တွေ့ရှိခဲ့ပြီဖြစ်သည်။
ယင်းဂြိုလ်ကို နာဆာမှ လွှတ်တင်ထားသော အာကာသစူးစမ်းရေးမှန်ပြောင်း ကပ္ပလာမှ ဓါတ်ပုံ ရိုက်ယူရရှိခဲ့ခြင်းဖြစ်သည်။
ယင်းတွေ့ရှိမှုကို သောကြာနေ့ထုတ် သိပ္ပံဂျာနယ်တွင် ဖေါ်ပြခဲ့ကြသည်။ စတားဝါး စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တွင် ပါဝင်ခဲ့သော နေနှစ်လုံးနှင့် ဂြိုလ်၏ အမည် တက်တူးအင်းဟုပင် ယင်းအသစ်တွေ့ရှိသော ဂြိုလ်ကို အမည်ပေးထားလေသည်။
အဆိုပါဂြိုလ်သည် စနေဂြိုလ်၏ အရွယ်အစားမျှရှိပြီး အလွန်အေးစက်၍ သက်ရှိမနေနိုင်သော ဂြိုလ်မျိုးဖြစ်သည်။ ကမ္ဘာနှင့် အလင်းနှစ် ၂၀၀ အကွာတွင်ရှိသည်။
ယခုတွေ့ရှိရသော ဂြိုလ်ကဲ့သို့ နေနှစ်လုံးကို လှည့်ပတ်နေသော ဂြိုလ်များ နောက်ထပ်ရှိနေနိုင်သေးကြောင်း သိပ္ပံပညာရှင်များက ယူဆသည်။
ကပ္ပလာမှန်ပြောင်းကို ၂၀၀၉ ခုနှစ်အတွင်းက လွှတ်တင်ခဲ့ပြီး ကမ္ဘာနှင့် အလားသဏ္ဍာန်တူသော ဂြိုလ်များကို ရှာဖွေရန်အဓိက ရည်ရွယ်ခဲ့သည်။

Source: London Evening Standard

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။