Friday, September 16, 2011

အီရန်တွင်ဖမ်းဆီးထားသော အမေရိကန်နှစ်ဦးကို ပြန်လွှတ်ပေးမည်ဟု အမာဒီနီဂျက် ပြော

ရှိန်းဘောင်ဝါနှင့် ဂျို့ရှ်ဖက်တယ်
အီရန်က ဖမ်းဆီးထားသောအမေရိကန် နိုင်ငံသားခရီးသည်နှစ်ဦးကို အီရန်အစိုးရအနေနှင့် ပြန်လည်လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြာသပတေးနေ့က ပြောကြားခဲ့သည်။
“လူသားချင်းစာနာထောက်ထားမှုကို ပြသတဲ့အနေနဲ့ အီရန်အစိုးရက ကျွန်မတို့ အမေရိကန်လူငယ်နှစ်ဦးကို ပြန်လွှတ် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ဆန်ဖရန်စစ်စကိုမြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂအစည်းအဝေးသို့ တက်ရောက်ရန် နယူးယောက်သို့ မလာမီ အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်သော ရှိန်းဘောင်ဝါနှင့် ဂျို့ရှ်ဖက်တယ်တို့နှစ်ဦးကို လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည်လွှတ်ပေးမည်ဟု အီရန်သမ္မတ အမာဒီနီဂျက်က အမေရိကန် ရုပ်သံတစ်ခုနှင့် အင်တာဗျူးတွင်ပြောကြားသွားခဲ့သည်။
သို့သော် အီရန်တရားရုံးကမူ ချက်ခြင်းလွှတ်ပေးဦးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အစောပိုင်းက အီရန်တာဝန်ရှိသူများကရော၊ တရားရေးဌာနကပါ လွှတ်ပေးမည်ဟုပြောကြားခဲ့ပြီး နှောင့်နှေးနေမှုများရှိခဲ့ကြောင်း ကလင်တန်ကပြောသည်။
“အစိုးရခေါင်းဆောင်ပိုင်းက ပြန်လည်လွှတ်ပေးမယ်လို့ ကြေငြာချက်ထုတ်ခဲ့တဲ့အပေါ်မှာအစိုးရက အမြန်ဆုံးဆောင်ရွက် သွားပေးပြီး သူတို့ မကြာခင်ပြန်လည်လွတ်မြောက်လာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။” ဟု ဆို၏။
ဘောင်ဝါနှင့် ဖက်တယ် တို့နှစ်ယောက်သည် ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်းက အီရန်နှင့် အီရတ်နယ်စပ်တွင ကမ္ဘာလှည့်ခရီး သည်များအဖြစ် ခရီးကြမ်းခြေလျင်တောင်တက်စဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ သူတို့နှင့် အတူ နောက်ထပ်အမေရိကန်နိုင်ငံသူ ဆာရာရှရောက်လည်းပါဝင်ပြီး ၂၀၁၀ စက်တင်ဘာလက သူမကို ဒေါ်လာ ၅၀၀,၀၀၀ တန်အာမခံဖြင့် လွှတ်ပေးခဲ့သည်။
သူတို့နှစ်ယောက်ကို လွန်ခဲ့သောလက ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခဲ့ပြီး ဒေါ်လာ ၅၀၀,၀၀၀ တန်အာမဖြင့် ပြန်လည်လွှတ်ပေးလိမ့် မည်ဖြစ်ကြောင်း သူတို့ရှေ့နေက ပြောပြသည်။ လတ်တလောတွင် တီဟီရန် အီဗင်အကျဉ်းထောင်းတွင် တခန်းတည်းအတူ ချုပ်နှောင်ထားသည်။
သူတို့နှစ်ယောက်သည် အမေရိကန်သူလျှိုများမဟုတ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက အကြိမ်ကြိမ်ငြင်းဆို ထားသည်။ ဝါရှင်တန်အစိုးရက အီရန်ကို နျူကလီးယား လက်နက်ထုတ်လုပ်ရန်ကြိုးစားနေသည်ဟု စွပ်စွဲထားပြီး ပိတ်ဆို့ဒဏ်ခတ်မှု ပြုထားခြင်းကြောင့် ဆက်ဆံရေးတင်းမာလျက်ရှိပြီး ယခုကိစ္စကြောင့် ပိုမိုဆိုးရွားလာသည်ဟု လည်းဆို၏။
တီဟီရန်ကလည်း နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ထုတ်လုပ်ရန်သာရည်ရွယ်သည်ဟု တောက်လျှောက်ငြင်းဆိုထားပြီး ဆက်လက် ထုတ်လုပ်မှုမပြုရန်တားမြစ်မှုကို လက်မခံပေ။

Source: Reuters

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။