Sunday, September 18, 2011

အမေရိကန်တွင် လေယာဉ်ငယ်နောက်တစ်စီးပျက်ကျ


အမေရိကန် အနောက်ဗာဂျီးနီးယား၊ မာတင်ဘတ်တွင် ကျင်းပသော ရှေးဟောင်းလေယာဉ်သရုပ်ပြပွဲတစ်ခုတွင် လေယာဉ် တစ်စင်း ပျက်ကျခဲ့ပြီး ၂၄ နာရီအတွင်း အမေရိကန်ပြည်ကန်ပြည်ထောင်စုတွင် ဒုတိယမြောက်လေယာဉ်ပျက်ကျသေဆုံးမှု ဖြစ်သည်။ လေယာဉ်သည် ပြေးလမ်းအတွင်းပျက်ကျခဲ့ပြီး မီးလောင်ပေါက်ကွဲသွားခဲ့သည်။
သောကြာနေ့ နီဗားဒါးပြိုင်ပွဲတွင် ပွဲကြည့်စဉ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးအပါအဝင် ကိုးဦးသေဆုံးခဲ့သည်။
ယခု စနေနေ့ပျက်ကျမှုတွင် ကြည့်ရှုသူပရိသတ်တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း အနောက်ဗာဂျီးနီးယား ပြည်နယ် အမျိုးသားလေကြောင်းလုံခြုံရေး ကဆိုသည်။
“ကျွန်တော်တို့ကံကောင်းတယ်ဗျ။ ပြည်ထောင်စုလေကြောင်းထိန်းချုပ်ရေးဌာနကနေ မြေပြင်ပေါ်မှာကြည့်တဲ့သူတွေ အန္တရာယ်ကင်းရှင်းရေးအတွက် လုံခြုံရေးအစီအစဉ်တွေကို ကြိုတင်ပြီးတော့ ဆောင်ရွက်ပေးထားပါတယ်။” ဟု အနောက်ဗာဂျီး နီးယား အမျိုးသားလုံခြုံရေး အဖွဲ့ဝင် ဂျိမ်းစ်ဟိုယာက ပြောသည်။
“သေဆုံးသွားတဲ့ သူရဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းပေးနေပါတယ်။”
သေဆုံးသွားသော လေယာဉ်မှူး၏ အမည်ကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမပြုခဲ့ပေ။

ပျက်ကျခဲ့သောလေယာဉ်မှာ တောင်ပံအသေတပ် အင်ဂျင်တစ်လုံး T-28 အမျိုးအစားဖြစ်ပြီး ဂျွန်မက်ဂန်၊ မြောက်ကာရိုလိုင်းနား ဟု မှတ်ပုံတင်ထားသောလေယာဉ်ဖြစ်ပြီး ၁၉၅၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလေကြောင်းထိန်းချုပ်ရေး ကပြောသည်။
လေယာဉ်ပျံသည် ၆ စီးအတူပျံသန်း၍ စတန့်သရုပ်ပြနေစဉ် စက်ချို့ယွင်းက လေယာဉ်ကွင်းအတွင်း လေယာဉ်ရုံအနီးပြေးလမ်း တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မာတင်ဘတ် ဂျာနယ်က ရေးသားဖေါ်ပြခဲ့သည်။
ယင်းလေယာဉ်သည် T-28 အမျိုးအစားလေယာဉ်အုပ်စုလိုက်သရုပ်ပြပွဲများကို အမေရိကန်အနှံ့ပျံသန်းပြသနေသော လေယာဉ် ၆ စီးမှ တစ်စီးဖြစ်သည်။
သူတို့အုပ်စုကို ထရိုဂျန်မြင်းသည်တော်များဟု အမည်ပေးထားပြီး ၎င်းတို့ဝက်ဘ်ဆိုက်တွင် ဂျက်ဖလက်ရှ်မန်ဂန်သည် လေယာဉ် အုပ်တွင် တောင်ပံသမားဖြစ်သည်။ မန်ဂန်သည် လေတပ်တိုက်လေယာဉ်လေသူရဲဟောင်းတစ်ဦးဖြစ်ပြီး သူရဲကောင်းဘွဲ့တံဆိပ် သုံးခုရရှိထားကာ တစ်နှစ်တာ နည်းဗျူဟာမြောက်လေကြောင်းတပ်မှူးဆုလည်းရရှိထားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။