Thursday, September 29, 2011

ဖိလစ်ပိုင်တွင် နက်ဆက်တိုင်ဖွန်း တိုက်ခတ်သွား


ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာနှင့် လူဇွန်ကျွန်းမကြီးတွင် တိုက်ခတ်သွားသော တိုင်ဖွန်းနက်ဆက်ပြီးနောက် အပျက်အစီးများကို ရှင်းလင်းရေးစတင်ဆောင်ရွက်နေပြီဖြစ်သည်။
တိုင်ဖွန်းနက်ဆက်ကြောင့် ဖိလစ်ပိုင်တွင် ၂၁ ဦးသေဆုံးပြီး ၃၅ ဦးပျောက်ဆုံးလျက်ရှိသည်။ ထို့နောက်မုန်တိုင်းသည် တောင်တရုတ်ပင်လယ်ဆီသို့ရွေ့လျားသွားပြီး မြောက်ဗီယက်နမ်နှင့် တရုတ်တောင်ပိုင်းသို့ဦးတည်နေကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဌာနမှ ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့ ညနေပိုင်းခန့်တွင် နက်ဆက်သည် ဗီယက်နမ်မြို့တော် ဟနွိုင်းသို့ရောက်ရှိမည်ဖြစ်သည်။
နိုင်ငံအဝှမ်း ယာယီဒုက္ခသည်စခန်း ၁၉၀ တွင် မုန်တိုင်းသင့် ဒုက္ခသည် ၆၅,၈၀၀ ဦးခန့်ရှိပြီး အများအပြားမှာလည်း ဆွေမျိုး၊ မိတ် ဆွေသင်္ဂဟများ၏ အိမ်များတွင် တည်းခိုနေထိုင်နေကြကြောင်း ဌာနမှပြောသည်။
ပျက်စီးယိုယွင်းမှု ဒေါ်လာ ၂.၃ သန်းခန့်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကိုလည်း အကြီးအကျယ်ပျက်စီးစေခဲ့သည်။ စိုက်ပျိုးရေးဝန်ကြီး ဌာနက ပဏာမပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ဗုဒ္ဓဟူးနေ့တွင် တွက်ချက်ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်ဌာနမှ နိုင်ငံအဝှမ်း ပြည်နယ် ၃၈ ခုတွင် မုန်တိုင်းဒဏ်ခံစားရသူဦးရေ စုစုပေါင်း ၁၉၅,၇၀၅ ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ မုန်းတိုင်းကျရောက်စဉ်က ပိတ်ထားခဲ့ရသော ငွေကြေးဈေးကွက်များ၊ အစိုးရရုံးများနှင့် ကျောင်းများပြန်လည် ဖွင့်လှစ်ပြီးဖြစ်သည်။ မြို့တွင်းပြေးဆွဲနေသော ရထားများလည်း ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

မုန်တိုင်းသည် နိုင်ငံတွင်း ဆန်စပါးထုတ်လုပ်မှု၏ ၁၀% ခန့်ရှိသော ကာဂါယန်းတောင်ကြားကို ဖြတ်သန်းသွားကြောင်းဆိုသည်။
အစိုးရက ဆန်ပြည်ပတင်ပို့မှု ယခုနှစ်တွင် တန်ချိန် ၈၆၀,၀၀၀ သန်း ခန့်လျှော့ချမည်ဖြစ်ပြီး ယမန်နှစ်က တန်ချိန် ၂.၄၅ သန်း လျှော့ချခဲ့သည်။ လာမည့်နှစ်များတွင်နိုင်ငံတွင်းအခြေခံစားကုန်များ လုံလောက်ရေးစီမံကိန်းများ ချမှတ်ထားသည်။

လယ်ယာလုပ်ငန်းများပျက်စီးဆုံးရှံးမှုများကြောင့် ပြည်ပတင်ပို့ကုန်လုပ်ငန်းများကို ထိခိုက်စေခဲ့ပြီး ဆန်ဈေးနှုန်းများ မြင့်တက်နေ သည်။


လူဇွန်ကျွန်းမကြီးမြောက်ဘက်ပြည်နယ်များတွင် မုန်တိုင်းပြီးနောက် ရေဆက်လက်ကြီးနေဆဲဖြစ်ပြီး နောက်ဆက်တွဲ ရေလွှမ်းမိုးမှု များဖြစ်လာနိုင်သေးကြောင်း အာဏာပိုင်များက သတိပေးထားသည်။
“ရာသီဥတုပြောင်းလဲမှုနဲ့ အတူ တိုင်ဖွန်းတွေ အားကောင်းလာတယ်။ မုတ်သုံအဆုတ်မှာ ပိုပြီးတော့အားကောင်းလာဦး မယ် ဆိုတာ လူတွေ သိထားသင့်ပါတယ်။” ဟူ၍ နိုင်ငံတော် မိုးလေဝသဌာန PAGASA ကို ကြီးကြပ်နေသော ဂရာစီယာနို ယူမူးလ် ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုတွင်ပြောကြားသွားသည်။

မနီလာ ပင်လယ်ကွေ့ရှိ ကမ်းရိုးတန်းတံတိုင်းများ မုန်တိုင်းကြောင့် ပျက်စီးသွားပြီး ရိုးဇက်လမ်းမကြီးနှင့် အခြားကမ်းရိုးတန်းနှင့် ထိစပ်နေသော နေရာများတွင် ရေလွှမ်းမိုးခဲ့သည်။

နက်ဆက်ထွက်ခွာသွားသော်လည်း နောက်ထပ်မုန်တိုင်းတစ်လုံး ပစိဖိတ်သမုဒ္ဒရာတွင် စတင်ဖြစ်ပေါ်နေပြီး အင်အားကောင်းလာ ကာ တိုင်ဖွန်းအဆင့်ဖြစ်သွားနိုင်ကြောင်း၊ လူဇွန်ကျွန်းဘက်သို့ ဦးတည်နေကြောင်း မိုးဇလတာဝန်ရှိသူများက ပြောသည်။
“ကျွန်တော်တို့တွက်ချက်ထားတဲ့ ပဏာမလမ်းကြောင်းအရတော့ လူဇွန်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်နိုင်ပါတယ်။ ဒါပေမယ့် ပြောဖို့တော့ အရမ်းစောပါသေးတယ်။ လမ်းကြောင်းပြောင်းရင်လည်း ပြောင်းသွားနိုင်ပါတယ်။” ဟု ယာမူးလ်က ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။