Thursday, October 20, 2011

ယီမင်သမ္မတဆာလဲ ရာထူးမှဆင်းပေးမည်ဟု သဘောတူပြန်ပြီ


ယီမင်သမ္မတ အဘ္ဘဒူလာဆာလဲ သည် ပင်လယ်ကွေ့ကောင်စီမှ ကြားဝင်စေ့စပ်ပေးသော စာချုပ်ကိုလက်မှတ်ရေး ထိုးရန်နှင့် ရာထူးမှ နှုတ်ထွက်ပေးရန် သဘောတူညီလိုက်ပြီဖြစ်သည်။ သို့သော်အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် အာရပ်ပင်လယ်ကွေ့တို့မှ အာမခံချက်ပေးမှသာ လက်မှတ်ရေးထိုးမည်ဟု ဆိုလိုက်သည်။
`အခု ကျုပ်ပြန်လာပြီ။ ဒုတိယသမ္မတကတော့ နှုတ်ထွက်ဖို့မလိုဘူးလို့ သူတို့က ပြောတယ်။ ကျုပ်လက်မှတ် ထိုးဖို့အသင့်ဖြစ်နေပါပြီ။´ ဟု ဗုဒ္ဓဟူးနေ့က ဆာနားတွင်ကျင်းပသော ပါတီခေါင်းဆောင်များညီလာခံတွင် ပြောကြား ခဲ့ခြင်းဖြစ်ပြီး ယင်းညီလာခံကိုရုပ်သံမှထုတ်လွှင့်ပြသခဲ့သည်။
`ဒါပေမယ့် ကနဦးသဘောတူညီချက်ကိုရောက်ဖို့ အာမချက်ပေးရပါမယ်။ ဒါကြောင့် ပထမ ပင်လယ်ကွေ့ရဲ့ အာမခံချက်လိုချင်တယ်။ ဒုတိယအနေနဲ့ ဥရောပရဲ့ အာမခံချက်လိုချင်တယ်။ တတိယအနေနဲ့ အမေရိကန်ရဲ့ အာမခံချက်လိုချင်တယ်။´ ဟု ဆာလဲက ပြောခဲ့သည်။

ကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံမှ ကြေငြာချက်ကြမ်းတစ်စောင်ထုတ်ပြန်ပြီး ပင်လယ်ကွေ့ပူးပေါင်းဆောင် ရွက်ရေး ကောင်စီ၏ ကမ်းလှမ်းချက်ကိုလက်ခံပြီးဆောင်ရွက်ရန် ဆာလဲအား လုံခြုံရေးကောင်စီ ၁၅ နိုင်ငံမှ
တိုက်တွန်းခဲ့ပြီးနောက် ဆာလဲက ဤသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အစီအစဉ်အရ ဆာလဲမှ ဒုတိယသမ္မတသို့ အာဏာလွှဲပြောင်းပေးခဲ့ရမည်ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရမည်ဖြစ် သည်။ ဒုတိယသမ္မတမှ ရွေးကောက်ပွဲကျင်းပသည့် အချိန်အထိ အာဏာကိုခေတ္တထိန်းသိမ်းထားရမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို ဆာလဲက လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့သော်လည်း ယခင်က ခေါင်းညိတ်ပြီးမှ သုံးကြိမ် တိုင်တိုင်ပြန်လည်ပယ်ချခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်။ ယင်းသို့ပြန်လည်ပယ်ချခဲ့သည့်အခါတိုင်း စိတ်ချရသည့်လူများ လက်ထဲသို့သာ အာဏာကို လွှဲပြောင်းပေးခဲ့ချင်ကြောင်း ပြောကြားခဲ့သည်။

ယီမင်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး သမ္မတဆာလဲ၏ ၃၃ နှစ်ကြာအုပ်ချုပ်မှုမှ ဆင်းပေးရန်တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရရှိခဲ့ပြီး ဆော်ဒီတွင် ဆေးဝါးကုသမှုခံယူခဲ့ရသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။