Tuesday, November 1, 2011

ဆူဒန်တောင်၊ မြောက်နယ်စပ် မငြိမ်သက်


တောင်ပိုင်း ကော်ဒိုဖန်ပြည်နယ်တွင် ဆူဒန်စစ်တပ်နှင့် ဆူဒန်လူထုလွတ်မြောက်ရေးလှုပ်ရှားမှု SPLM ၏ တောင်ပိုင်းလက်နက်ကိုင်သူပုန်များတိုက်ပွဲဖြစ်ပွားရာ သူပုန်တပ်ဖွဲ့ဝင် ရာနှင့်ချီ၍သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးအာမက်ဟာရွန်းက ဆိုသည်။
`တယ်လူဒီမြို့မှာ စစ်တပ်က ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် သူပုန်တပ်ဖွဲ့ဝင် ရာပေါင်းများစွာသေ ဆုံးသွားပါတယ်။´ ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးကတနင်္လာနေ့က ဆိုသည်။ ယင်းပြည်နယ်သည် လောင်စာဆီထုတ် လုပ်ရာပြည်နယ် ဖြစ်ပြီး မကြာခဏတိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။

`ဒီနေ့မနက်ပဲ သူပုန်အင်အားခုနှစ်ရာလောက် အရာရှိ ၁၂ ယောက်နဲ့ တယ်လူဒီမြို့ကို သိမ်းပိုက်နိုင်ဖို့ အတွက် လာရောက်တိုက်ခိုက်ခဲ့ကြပါသေးတယ်။ စစ်တပ်က သူပုန်တွေရောက်အလာကို လက်နက်အင်အားအပြည့် အစုံ၊ စစ်သုံးယာဉ်တွေနဲ့အတူ စစ်မျက်နှာ သုံးခုမှာကြိုစောင့်နေခဲ့ပါတယ်။ ဒါပေမယ့် တစ်နာရီလောက်အကြာမှာပဲ တိုက်ပွဲဖြစ်ပွားပြီးတော့ အသေအပျောက်အများကြီးဖြစ်ခဲ့ပါတယ်။´ ဟု စစ်တပ်ပြောခွင့်ရ ဆာဝါမီခါလက်က ပြောသည်။

ဇူလိုင်လတွင် ဆူဒန်တောင်ပိုင်းကို ခွဲထွက်ခဲ့ပြီးနောက် တောင်ပိုင်းကော်ဒိုဖန်သည် မြောက်ပိုင်းထိန်းချုပ်မှုအောက် တွင်ရောက်ရှိနေခဲ့သည်။ သို့သော် ဇွန်လအတွင်းမှစ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဆူဒန်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့ သော တောင်ပိုင်းသူပုန်များနှင့် မဟာမိတ်ဖြစ်ခဲ့သော နူဘာသူပုန်များ ချေမှုန်းခြင်းခံလိုက်ရသည်။
ယင်းဒေသသည် ဆူဒန်နှင့် ခွဲထွက်တောင်ပိုင်းဆူဒန်တို့ကြားရှိသော နယ်မြေဖြစ်သည်။ ဆူဒန်တောင်ပိုင်းကို SPLM တို့က ထိန်းချုပ်ထားသည်။

ဆူဒန်မြောက်ပိုင်း ခါတိုအမ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့များကို မိမိတို့နိုင်ငံပိုင်နက်အတွင်း စစ်တပ်နှစ်ခုမရှိရဟူသော မူဖြင့်လက်နက်ဖြုတ်သိမ်းရန် ကြိုးစားရာမှအစပြုကာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Source: Al jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။