Wednesday, November 2, 2011

တရုတ်အစိုးရကို ဆက်လက်ဝေဖန်သွားမည်ဟု အိုင်ဝေေ၀ပြော


ကမ္ဘာကျော်တရုတ်လူမျိုးဒီဇိုင်းပညာရှင် အိုင်ဝေေ၀ကို တရုတ်အစိုးရက အခွန်ငွေဒေါ်လာ ၂.၃ သန်းပေးဆောင်ရန် ရှောင်တိမ်းမှုဖြင့် စွပ်စွဲထားပြီး ရှင်းလင်းပေးရန်တောင်းဆိုထားမှုသည် နိုင်ငံရေးအရ သူ့ကိုနှိပ်ကွပ်ခြင်းဖြစ်ကြောင်း ပြောဆိုလိုက်ပြီး နိုင်ငံရေးအရပြောဆိုရန်ရှိသည်များကို ဆက်လက်ထုတ်ဖေါ်ပြောဆိုသွားမည်ဖြစ်ကြောင်း အယ်ဂျာဇီ ယာနှင့်တွေ့ဆုံခန်းတွင်ပြောကြားလိုက်သည်။
အိုင်ဝေေ၀သည် တရုတ်ကွန်မြူနစ်အစိုးရကို ဝေဖန်မှုဖြင့်ထင်ရှားခဲ့ပြီး အစိုးရအတိုက်အခံအဖြစ်ထင်ရှားလာကာ ဆက်လက်ဝေဖန်ပြောဆိုမှုများကို တာဝန်တစ်ရပ်အနေနှင့် ခံယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ကိုယ်ရေးကိုယ်တာအခက်အခဲများရှိသော်လည်း `ကျွန်တော့်ကိုကူညီချင်တယ်ဆိုရင် အမှန်တရားပေါ်ထွက်လာ အောင် ပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။´ ဟု တယ်လီဖုန်းဖြင့်အင်တာဗျူးရာတွင် ပြောကြားခဲ့သည်။

ယခုနှစ်အစောပိုင်းက တရုတ်ကွန်မြူနစ်အစိုးရက သူ့ကို ၈၁ ရက်အကြာ ထိန်းသိမ်းထားခဲ့ပြီး သူ့အနေနှင့် အစိုးရကို ဝေဖန်သောစကားများပြောကြားရန်အရေးကြီးကြောင်း၊ အဘယ်ကြောင့်ဆိုသော် အခြားသူများမှာ အကြောက်တရား များရှိနေပြီး ထုတ်ဖေါ်ပြောဆိုရန်လည်း အခွင့်မသာရှိနေကြောင်းဆိုသည်။
သူ့အပေါ်အစိုးရက အခွန်ကိစ္စစွပ်စွဲထားခြင်းမှာ ငွေရေးကြေးရေးသက်သက်ကြောင့်မဟုတ်ဘဲ လက်ရှိတရုတ်အစိုးရ ၏ တရားရေးစံနစ်အရ မတော်မတရားပြုမှုသာဖြစ်ကြောင်းဆိုသည်။

`တရားဥပဒေကို သူတို့တွေကိုယ်တိုင်က လိုက်နာမှုမရှိ ၊ တိကျတဲ့စံနစ်ဆိုတာမရှိ၊ ပွင့်လင်းမြင်သာမှုမရှိ၊ လူထုပြောဆိုဆွေးနွေးမှုတွေမရှိတဲ့ တိုင်းပြည်တစ်ပြည်က ဘယ်လိုဆက်လက်ရပ်တည်နိုင်ပါ့မလဲ။´ ဟု ဆိုသည်။
သူ့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ အိုဝေေ၀က အစိုးရကသူ့ကို ခေါ်ယူဆွေးနွေးခြင်းမဟုတ်ပဲ နိုင်ငံတော် အချုပ်အခြာအာဏာကို ဘယ်လိုမှေးမှိန်အောင် လုပ်ခဲ့သလဲဆိုတဲ့ အပေါ်မှာပဲ မေးခွန်းများထုတ်ခြင်းဖြစ်ကြောင်း ဆိုသည်။

သူ့ကိုစွပ်စွဲခဲ့သောအချက်များနှင့်ပတ်သက်၍တိကျခိုင်လုံသော အချက်အလက်များလည်းမရှိကြောင်းဆိုသည်။ သူ့၏ ငွေကြေးများကိုထိန်းသိမ်းပေးထားသော Beijing Fake Cultural Development Ltd., ကိုအစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး ယင်းကုမ္ပဏီတွင် အိုင်ဝေေ၀က မန်နေဂျာအဖြစ်ဆောင်ရွက်နေခြင်းမရှိတော့ကြောင်းဆိုသည်။

ယခုကဲ့သို့ငွေရေးကြေးရေးကိစ္စဖြင့် စွပ်စွဲရခြင်းမှာ အစိုးရကိုဝေဖန်ပြောဆိုခြင်းအတွက် သင်ခန်းစာပေးသည့်အနေနှင့် သူ့ကို လူအများက လူဆိုး၊ လူညစ်အဖြစ်ထင်မြင်သွားအောင်ပြုလုပ်ခြင်းဖြစ်ကြောင်း သူ့ကိုစုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်ဟု အိုင်ဝေေ၀ ကဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။