Saturday, November 5, 2011

သင်္ဘောနှစ်စီးကို အစ္စရေးလ်တားမြစ်


အစ္စရေးလ်က ပါလက်စတိုင်းနယ်မြေဂါဇာကမ်းမြှောင်ဒေသကို ပိတ်ဆို့ထားမှု ၄ နှစ်ရှိသွားပြီဖြစ်ပြီး နိုင်ငံတကာမှ အချို့သောလူ့အခွင့်အရေးလှုပ်ရှားသူများက ၀င်ရောက်ရန်ကြိုးပမ်းမှုများရှိခဲ့သည်။
ယခုအကြိမ်တွင် တက်ကြွလှုပ်ရှားသူများတင်ဆောင်ကာ ၀င်ရောက်ရန်ကြိုးပမ်းနေသော သင်္ဘောနှစ်စင်းကို အစ္စရေးလ်ရေတပ်မှ တားဆီးပြီး သင်္ဘောများပေါ်သို့တက်ရောက်ရှာဖွေခဲ့သည်။
သောကြာနေ့က ကနေဒါသင်္ဘော တာရီရာနှင့် အိုင်ယာလန်သင်္ဘော အမ်ဗွီဆာအိုအီးရီး နှစ်စီးသည် ကမ်းခြေမှ မိုင် ၄၀ နှင့် ၆၀ အကြား နိုင်ငံတကာရေပိုင်နက်ထဲတွင် ရောက်ရှိနေချိန်တွင် အစ္စရေးလ်စစ်တပ်မှ တားဆီးခဲ့ခြင်းဖြစ် ကြောင်း အစ္စရေးလ်က ပြောသည်။
အစ္စရေးလ်စစ်သင်္ဘောသုံးစင်းက သင်္ဘောကပ္ပတိန်နှင့် ဆက်သွယ်ခဲ့ပြီးချဉ်းကပ်လာခြင်းဖြစ်ကြောင်း ကနေဒါသင်္ဘော တာရီရာပေါ်တွင်လိုက်ပါသွားသော အယ်လ်ဂျာဇီယာသတင်းထောက် ကေစီကပ်ဖ်မန်က သတင်းပေးပို့ခဲ့သည်။
ကမ်းခြေမှ ၈၀ ကီလိုမီတာအကွာတွင်ရှိသောသင်္ဘောသည် အစ္စရေးလ်စစ်သင်္ဘောက ရှေ့မှဦးဆောင်ကာ ဂါဇာကမ်း ဘက်သို့ဆက်လက်ခုတ်မောင်းလာခဲ့ကြောင်း သတင်းထောက်က သတင်းပေးပို့ခဲ့သည်။
တက်ကြွလှုပ်ရှားသူ ၂၇ ဦးနှင့်အကူအညီပစ္စည်းများတင်ဆောင်လာသော သင်္ဘောနှစ်စီးကို ပြန်လှည့်သွားရန် အစ္စရေးစစ်တပ်မှ တောင်းဆိုခဲ့ကြောင်းသို့သော် သင်္ဘောများက လိုက်နာခြင်းမရှိသဖြင့် သင်္ဘောပေါ်သို့ရေတပ်မှ စစ်သားများ ငြိမ်းငြိမ်းချမ်းချမ်းပင်တက်ရောက်ခဲ့ကြောင်း စစ်တပ်ကပြောသည်။
`ကျွန်တော်တို့က အက်ရှ်ဒေါ့ဆိပ်ကမ်းဘက်ကို လမ်းကြောင်းပြောင်းပြီး ခုတ်မောင်းပေးဖို့တောင်းဆိုတာကို သူတို့က မလိုက်နာတဲ့အတွက် သင်္ဘောပေါ်တက်ပြီး သူတို့ကိုဦးဆောင်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။´ ဟု ဆို၏။

ထို့နောက်သတင်းစာတစ်ခုမှ တာရီရာသင်္ဘောပေါ်တွင်လိုက်ပါသွားသော တက်ကြွလှုပ်ရှားသူ ဒေးဗစ်ဟိက အပြည်ပြည်ဆိုင်ရာ ရေပိုက်နက်အတွင်းထိရောက်အောင်သွားနိုင်ခဲ့ခြင်းသည် အောင်ပွဲတစ်ရပ်ဖြစ်ပင်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်းဖေါ်ပြခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။