Sunday, November 6, 2011

ဘန်ကောက် ရေဘေး စိတ်မအေးရသေး


ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် သေဆုံးသူဦးရေ ၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။ မြောက်ပိုင်းက စီးဆင်းလာတဲ့ရေ တွေက ညစ်ညမ်းနေပြီးတော့ ဘန်ကောက်မြို့တွင်းကို ၀င်ရောက်လာနေပါတယ်။ အဓိကနေရာတွေ၊ လမ်းဆုံလမ်း ခွတွေမှာဝင်ရောက်နေပါတယ်။

တောင်ပိုင်းကိုသွားတဲ့ကာအဓိက ဘတ်စ်ကားတွေဝင်ထွက်ရာ မော်ချစ်အဝေးပြေးကားဂိတ်ရဲ့ လမ်းမကြီးပေါ်ကို ရေတွေချဉ်းကပ်လာနေပါပြီ။ ဒါပေမယ့် ကားဂိတ်ကိုတော့ ဆက်လက်ဖွင့်လှစ်ထားကြောင်း ယာဉ်ထိန်းရဲချုပ် ဥထိုင်ဝမ် ကာအူဆာအက်က ပြောပါတယ်။

သုံးလလောက် ဆက်တိုက်မိုးရွာသွန်းပြီးနောက်ပိုင်း နှစ် ၅၀ အတွင်းအဆိုးဝါးဆုံးရေလွှမ်းမိုးမှုတစ်ခုအဖြစ်ရင်ဆိုင်နေရ ပြီး ဇူလိုင်လကတည်းကစလို့ ရေလွှမ်းမိုးနေခဲ့ရာမှာ စုစုပေါင်းသေဆုံးသူ ၅၀၆ ဦးရှိသွားပြီဖြစ်ပါတယ်။ ဘန်ကောက် မြို့မြောက်ဘက်မှာတော့ ရေပြန်ကျနေပြီဖြစ်ပြီး မြို့ပတ်လည်မှာတော့ရေ၀ိုင်းနေပါသေးတယ်။ ဒီရေတွေဟာ တောင်ဘက်ကိုစီးဆင်းပြီး ထိုင်းပင်လယ်ကွေ့တွင်းကိုစီးဆင်းသွားမှာဖြစ်ပါတယ်။
အခုအချိန်အထိ ဘန်ကောက်မြို့ခရိုင်ပေါင်း ၅၀ ကျော်မှာ ၈ ခုကို အစိုးရက ရွှေ့ပြောင်းပေးထားပါတယ်။ နောက်ထပ် ၇ ခရိုင်မှာတော့ အချို့ခရိုင်တွေမှာ ဆိုးဆိုးဝါးဝါးရေလွှမ်းမိုးခဲ့ပြီး အချို့ခရိုင်တွေမှာတော့ တစ်စိတ် တစ်ပိုင်းမျှသာ လွှမ်းမိုးခဲ့ပါတယ်။

စနေနေ့တုန်းက ရေတွေဟာ ဘန်ကောက်ရဲ့ အကြီးဆုံးလေဟာပြင်စနေ၊ တနင်္ဂနွေဈေးဖြစ်တဲ့ ကျက်တူကျက်ဈေး ကိုရောက်ရှိလာခဲ့ပါတယ်။ အဲဒီဈေးက ဘန်ကောက်ရဲ့ဗဟိုစီးပွားရေးရပ်ကွက် မြောက်ပိုင်းမှာရှိပြီး နိုင်ငံခြားသားတွေ ကို ဆွဲဆောင်ထားတဲ့ အဓိကဈေးကြီးတစ်ခုလည်းဖြစ်ပါတယ်။ ရေတွေက ဈေးရဲ့အရှေ့ဘက်အခြမ်းကို ဖြတ်စီးသွား ပါတယ်။

ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က တောင်ဘက်ကိုဦးတည်ပြီး လက်ဖရာအိုနဲ့ကပ်လျက် ရုံးတွေ၊ လူနေအဆင့်မြင့် တိုက်ခန်းအိမ်ယာတွေ၊ နာမည်ကြီး ဈေးဆိုင်ကြီးတွေရှိတဲ့ဘက်ကို စီးဆင်းသွားပါတယ်။
လွန်ခဲ့တဲ့စနေနေ့ကစပြီးတော့ မော်ချစ်မိုးပျံရထားလမ်းရဲ့အောက်ဘက်မှာရှိတဲ့ နှစ်လမ်းသွားလမ်းမကြီးပေါ်မှာရေတွေ ဖုံးလွှမ်းနေခဲ့ပါတယ်။ လမ်းမကြီးကတော့ ဖြတ်သွားဖြတ်လာလုပ်လို့ရပါတယ်။ မြေအောက်ရထားလမ်းတွေကတော့ ထိခိုက်မှုမရှိပါဘူး။

ဘန်ကောက်မြောက်ပိုင်းမှာတော့ ရေတွေထုနဲ့ ထည်နဲ့ဆက်လက်တည်ရှိနေပြီးတော့ လမ်းကြောင်းလွဲပြီး စီးဆင်း သွားမယ်လို့ မျှော်လင့်နေကြပါတယ်။ သောကြာနေ့ညကတော့ ၃.၇ မိုင်ရှည်လျားတဲ့ရေတား သဲအိတ်တွေကို လုပ်သားတွေနဲ့ အလျင်အမြန်တည်ဆောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘန်ကောက်မြို့ကတော့ မြို့လည်ခေါင် အရေးကြီးတဲ့စီးပွားရေးအချက်အခြာနေရာတွေကိုရေရောက်လာဖို့ အကွာအဝေးက နည်းနည်းပဲရှိပါတော့တယ်။ ဒါကြောင့် ရေတွရှေ့ဆက်တိုးမလာဖို့က ရေနုတ်မြောင်းစံနစ်တွေ ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်မှုအပေါ် အားကိုးရတော့မှာဖြစ်ပြီး တားထားတဲ့သဲအိပ်တွေကိုလည်း ရေကကျော်လာပြီးဖြစ်တဲ့အကြောင်း မြို့တော်ပြောရေး ဆိုခွင့်ရှိသူ ဂျိတ် ဆော့ပစ်ပွန်စတွန်းက ပြောပါတယ်။

ဘန်ကောက်မြို့ကိုလွန်ခဲ့တဲ့နှစ် ၂၀ ကချဲ့ထွင်ခဲ့ပြီး ရေနုတ်မြောင်းစံနစ်တွေကို အသေအချာပြန်လည်ပြုပြင်ခဲ့တာ ကြောင့် မုတ်သုံမိုးရာသီတွေမှာ ပုံမှန်ရွာသွန်းနေကျမိုးရေချိန်အတိုင်းအတာမှာ ရေစီးရေလာကောင်းမွန်ပြီးရေလွှမ်း မိုးမှုမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ၁၉၄၂ ခုနှစ် ရေကြီးမှုကြီးနောက်ပိုင်းတစ်ခါမှမမြင်ဖူးတဲ့အတိုင်းအတာနဲ့ရေတွေ ခုလောက်လွှမ်းမိုးလာတဲ့အတွက် ဒီရေနုတ်မြောင်းတွေရဲ့ စွမ်းဆောင်ရည်ကို မြင်ကြရတော့မှာဖြစ်ပါတယ်။

ဘန်ကောက်မြို့တော်ဝန်နဲ့ လက်ရှိဝန်ကြီးချုပ် ယင်လပ်တို့က ဘန်ကောက်မြို့ရေကြီးမှုအခြေအနေနဲ့ပတ်သက်ပြီး အမျိုးမျိုးအဖုံဖုံပြောကြားနေတာကြောင့် ကြိုတင်ခန့်မှန်းတွက်ဆဖို့တော့ ခက်ခဲပါတယ်။
ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာက စနေနေ့က ရေဒီယိုကနေမိန့်ခွန်းပြောကြားခဲ့ရာမှာ ရေလွှမ်းမိုးမှုနောက်ပိုင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ဒေါ်လာ ၃.၃ သန်း သုံးစွဲမယ့် အစီအစဉ်ကို ၀န်ကြီးများအဖွဲ့ထံမှာ တင်ပြထားတဲ့အကြောင်းပြောကြားခဲ့ပါတယ်။
`ဒီတာဝန်ဟာ ကျွန်မအတွက် အင်မတန်ကြီးလေးတဲ့တာဝန်တစ်ရပ်ဖြစ်တယ်ဆိုတာ ၀န်ခံပါတယ်။ ဒါပေမယ့် ကျွန်မ အလျှော့ပေးမှာတော့မဟုတ်ပါဘူး ။ လူထုအနေနဲ့ ကျွန်မကိုနားလည်ပေးကြဖို့ပဲလိုပါတယ်။´ ဟု တိုင်းပြည်သို့ ပြောကြားခဲ့သည်။

ဘန်ကောက်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီးဖြစ်သော သုဝဏ္ဏဘူမိလေဆိပ်ကို ဆက်လက်ဖွင့်လှစ်ထားပြီး ယခင်လေဆိပ်ဟောင်းဖြစ်ပြီး ယခုအခါပြည်တွင်းပြေးဆွဲနေသော ဒွန်မောင်းလေဆိပ်တွင်မူရေများရှိနေဆဲဖြစ်ပြီး ပိတ်ထားရဆဲပင်ဖြစ်သည်။

Source: Boston.com (Written by AP writer Intarakratug)

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။