Friday, November 11, 2011

တောင်ပိုင်းဆူဒန်ဒုက္ခသည်စခန်းကို မြောက်ပိုင်းဆူဒန်ဗုံးကြဲ


တောင်ပိုင်းဆူဒန်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းကို မြောက်ပိုင်းဆူဒန်က ဗုံးကြဲခဲ့ခြင်းသည် စစ်ရာဇဝတ်မှုမြောက် ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
တောင်းပိုင်းဆူဒန်အတွင်း မြောက်ဆူဒန်နယ်စပ်မှ ၂၅ ကီလိုမီတာအကွာတွင်တည်ရှိသော ယီဒါမြို့ဒုက္ခသည်စခန်း ကို ကြာသပတေးနေ့က ဆူဒန်ကဗုံးကြဲခဲ့ကြောင်း တောင်ပိုင်းဆူဒန်က စွပ်စွဲခဲ့သည်။
“ အခုလိုဗုံးကြဲခဲ့တဲ့ လုပ်ရပ်ကိုရှုံ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာရာဇဝတ်ခုံရုံးကို တင်နိုင်ပါတယ်။” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရူးပတ်ကော်ဗီလီက သောကြာနေ့ကပြောသည်။
တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးသွားကြောင်း ယူနိုက်တီပြည်နယ်၊ ပါရီရန်းဒေသ ယီဒါရှိ ဒုက္ခသည်ဆိုင်ရာ မဟာဝန်ရှင်တော် မီယာဘက်လန်း ကပြောသည်။

“အဲဒီလူတွေ (ခါတိုအမ်) ကို နိုင်ငံတကာဥပဒေတွေနဲ့ အညီအရေးယူသင့်ပါတယ်။” ဟု ယူနိုက်တီပြည်နယ် အုပ်ချုပ်ရေးမှူး တာဘန်ဒန်းက ပြောသည်။
သို့သော် တောင်ပိုင်းဆူဒန်နယ်မြေပိုင်နက်အတွင်း ဗုံးကြဲခဲ့ခြင်းတစ်ခါမျှမရှိကြောင်း ဆူဒန်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိ သူ အယ်လ်-ဆာဝါမီ ခါလစ် ကပြောသည်။
“ တောင်ပိုင်းဆူဒန်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတကာဥပဒေတွေကို လေးစားပါတယ်။ ကျွန်တော်တို့ ဗုံးကြဲတယ်ဆိုတာ မဟုတ်ပါဘူး။” ဟု ဆို၏။

ဇွန်လအတွင်းကတည်းက အတိုက်အခံအုပ်စုများက ဆူဒန်အစိုးရကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေမှုကြောင့် ဘလူးနိုင်းပြည်နယ်နှင့် ဆူဒန်တောင်ဘက် ကော်ဒိုဖန်ပြည်နယ်များမှ ထွက်ပြေးခိုခလှုံလာသော ဒုက္ခသည် ၂၀,၀၀၀ ခန့် စခန်းအတွင်းနေထိုင်လျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။