Monday, November 28, 2011

ဂျပန်အလုပ်လက်မဲ့များ အခက်တွေ့


မတ်လ ၁၁ ရက် သဘာဝဘေးအန္တရာယ်ကြောင့် လုပ်ငန်းခွင်များမှ နားခဲ့ရပြီးနောက်ထပ်အလုပ်သစ်တစ်ခု ရှာမရသေးသူများကို ထောက်ပံ့နေသော ထောက်ပံ့ကြေးများရပ်ဆိုင်းတော့မည်ဟု အလုပ်သမားဝန်ကြီးဌာနက အင်္ဂါ နေ့က ပြောကြားလိုက်သည်။

စက်တင်ဘာလအတွင်းက ဖူကူရှီးမား၊ အိုင်ဝါတာနှင့် မိုင်ယာဂီနယ်များရှိ မြူနီစပယ်ဧရိယာ ၅၅ ခုရှိ အလုပ်လက်မဲ့ များအား ဝန်ကြီးဌာနမှ နောက်ထပ်ရက်ပေါင်း ၉၀ တိုးမြှင့်ကာ ထောက်ပံ့ကြေးပေးခဲ့သည်။ ထို့ကြောင့် ယခုလက်ရှိ အချိန်အထိ ယင်းဒေသများမှ အလုပ်လက်မဲ့ဦးရေ ၄၅,၀၀၀ ခန့် ထောက်ပံ့ကြေးခံစားရရှိလျက်ရှိသည်။

တိုဟိုကု ဧရိယာအတွင်းရှိ အလုပ်လက်မဲ့များ အလုပ်ရရှိနိုင်ရေးအတွက် အစိုးရမှကူညီပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ယိုကိုကိုမီယာမာက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။ အလုပ်လက်မဲ့ များအား ထောက်ပံ့ကြေးဆက်လက်ပေးနေလျင် အလုပ်အကိုင်သစ်ရှာဖွေရန် သူတို့တွင်ဆန္ဒမရှိတော့ကြောင်း ဝန်ကြီးကပြောသွားသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။