Monday, November 28, 2011

လူသတ်သမား ကိုယ်တိုင်ရေး မှုခင်းဇါတ်လမ်း

လူသတ်သမားနှင့် လင်းဆေး

ဗြိတိန်သူ ကျောင်းဆရာမ လင်းဆေးအန်းဟော့ကာအား ဗလက္ကာယပြုကျင့်သတ်ဖြတ်ခဲ့သူ ဂျပန်အမျိုးသားတစ်ဦးက ဤအကြောင်းကို စာအုပ်ရေးသားခဲ့ပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးထုတ်လုပ်မည်ဟု သောကြာနေ့က ထုတ်လုပ်သူတစ်ဦး ကပြောကြားခဲ့သည်။
တရားခံ တက်ဆုယာအီချီဟာရှီ ၂၀၀၇ ခုနှစ်အတွင်းက ကျူးလွန်ခဲ့ပြီး နှစ်နှစ်ခွဲကျော်ကြာအောင် ပြေးလွှားရှောင် တိမ်းနေခဲ့သည်။ ယင်းသို့ပြေးလွှားပုန်းအောင်းနေစဉ်အတွင်း ပလပ်စတစ်ခွဲစိတ်ပြုပြင်မှုများလုပ်ကာ ရုပ်ဖျက်ခဲ့သေး သည်။ နောက်ဆုံး ၂၀၀၉ နိုဝင်ဘာလတွင် ဖမ်းမိခဲ့ပြီး ဇူလိုင်လအတွင်းက ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။ ပြစ်ဒဏ်အတွက် အီချီဟာရှီက အယူဝင်ထားသည်။

သူ့ကိုဖမ်းမိပြီးနောက် သူထွက်ပြေးနေရသောဖြစ်များကို စာရေးသားခဲ့ပြီး ဝရမ်းပြေးတစ်ဦး၏ ဖြစ်စဉ်ကိုသရုပ်ဖေါ် ထားသည်။ “ ဖမ်းမမိ သေးခင် ၂ နှစ် ၇ လတာ” ဟု စာအုပ်ကို အမည်ပေးထားသည်။

ဂျပန်နိုင်ငံတလွှား သူထွက်ပြေးသွားလာလှုပ်ရှားခဲ့ပုံများကို အသေးစိတ်ရေးသားထားသည်။ ငါးများ မြွေများကိုစား သောက်အသက်ရှင်နေထိုင်ခဲ့ရသော အိုကီနာဝမ်ကျွန်းကလေးမှသည် ဆောက်လုပ်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ် ကိုင်ခဲ့သော အိုဆာကာမြို့ကြီးပေါ်တွင် နေထိုင်ခဲ့ရသည့် ဘဝများပါဝင်သည်။

စာအုပ်နှင့်ပတ်သက်ပြီး အသတ်ခံရသူမိသားစုအား စာအုပ်မှ ရသောအကျိုးအမြတ်တစ်စုံတစ်ရာမူပိုင်ခ ပေးမည် သို့မဟုတ် အခြားအလှူအတန်းများပြုလုပ်ပေးမည်ဟု အီချီဟာရှီက ကမ်းလှမ်းခဲ့သည်။ ဟော့ကာမိသားစုကမူ သူ၏ ကမ်းလှမ်းချက်ကို တစ်စုံတစ်ရာပြန်လည်တုံ့ပြန်ခြင်းမရှိပေ။

ရုပ်ရှင်ကို “ကျွန်တော့်နာမည် အီချီဟာရှီ - ဝရမ်းပြေး” ဟု အမည်ပေးရန်လျာထားပြီး ဂျပန်သရုပ်ဆောင် ဒင်းဖူဂျီအိုကာ အသက် ၃၁ နှစ်က သရုပ်ဆောင်မည်ဖြစ်ကြောင်း Sedic International ထုတ်လုပ်ရေးကုမ္ပဏီက ပြောသည်။

အီချီဟာရှီက သူ့ဆရာမ ဟော့ကာကို ဗလက္ကာယပြုခဲ့ကြောင်း၊ သို့သော် မတော်တဆသေသွားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ သူမ၏ အဝတ်မပါသော ဗလာကိုယ်ကို ရေချိုးကန်အတွင်း သဲများဖြင့်ဖုံးအုပ်ကာမြှုပ်နှံခြင်းမပြုမီ စိစိညက်ညက်ကြေအောင်ထုနှက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။