Saturday, February 4, 2012

အရှေ့ဥရောပတွင် ဆိုးဝါးသောအအေးဒဏ်ကြောင့် အသေအပျောက်ဖြစ်


အရှေ့ဥရောပတစ်ခွင်တွင် ရာသီဥတုအလွန်ဆိုးဝါးပြီး တစ်ပတ်ကြာအေးခဲနေမှုကြောင့် သေဆုံးသူ ၁၂၃ ဦးရှိသွား ပြီဖြစ်သည်။ ဆားဘီးယားတောင်ပေါ်ဒေသများရှိ ရွာသူရွာသားပေါင်း ၁၁,၀၀၀ ခန့်မှာ ထူထပ်သောနှင်းများနှင့် နှင်းမုန်တိုင်းများကြား ပိတ်မိလျက်ရှိသည်။ သေဆုံးသူများမှာ အိမ်ခြေယာခြေမဲ့အများစုဖြစ်သည်။
အချို့ဒေသများတွင် အပူချိန် အနှုတ် ၃၀ ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းနေပြီး လျှပ်စစ်မီးများပြတ်တောက်ခြင်း၊ကားလမ်းများပိတ်ဆို့နေခြင်း ၊ ကျောင်းများ၊ လေယာဉ်ကွင်းများပိတ်ထားရခြင်းများ ဖြစ်ပွားလျက်ရှိသည်။
ဆားဘီးယားနယ်စွန်တွင် အိမ်ခြေ ၆၅,၀၀၀ ခန့်အအေးဒဏ်ခံရလျက်ရှိပြီး နှင်းနှင့်ရေခဲများပိတ်ဆို့နေခြင်းကြောင့် အခြားဒေသများနှင့် အဆက်ပြတ်လျက်ရှိသည်။ လမ်းမများဘေးတွင် နှင်းထု ငါးမီတာခန့်တက်လျက်ရှိသည်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများသည် နှင်းများကိုဖယ်ရှားကာ အကူအညီပစ္စည်းများကို ဒုက္ခရောက်နေသူများ ထံပေးပို့နိုင်ရန် ခက်ခက်ခဲခဲလုပ်ဆောင်နေရသည်။ ဆားဘီးယားနှင့် အနီးဘော့စနီးယားရှိ အချို့ဝေးလံခေါင်ဖျား သော ဒေသများသို့ ရဟတ်ယာဉ်များစေလွှတ်ထားလေသည်။

ဆာရာဂျေဘိုအနီး ဘော့စနီးယား၏ ရိုမန်နီဂျာတောင်ပေါ်ရှိ အိုဇာကိုဗီစီမြို့လေးသို့ ရဟတ်တစ်စင်းဆင်းသက်ခဲ့ သည်။ ယင်းမြို့ကလေးရှိ ဆာဘီးယားခရစ်ယာန်အော့သိုဒေါ့ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သီလရှင်တစ်ပါး နေထိုင်ပြီး အနီးအပါးတွင်ရွာသားအနည်းငယ်ရှိသည်။

ဆာဘီးယားတွင် ဖျားနာနေသူများ၊ အစာရေစာပို့ဆောင်ရေးလုပ်ငန်းများ၊ လောင်စာဆီဖြန့်ဖြူးပေးရေးလုပ်ငန်းများ စသည်ဖြင့် အကူအညီပေးဆောင်ရွက်လျက်ရှိသည်။

အအေးဒဏ်ကြောင့် နောက်ထပ်သေဆုံးသူစာရင်းအရ ယူကရိန်းတွင် ၂၀ဦး ၊ ပိုလန်တွင် ၉ ဦး၊ ရိုမေးနီးယားတွင် ၈ ဦးနှင့် ဆာဘီးယားနှင့် ချက်ဇ်တွင်လည်း ထပ်မံသေဆုံးကြောင်း သိရသည်။

အနောက်ဥရောပဘက်တွင် ဂျာမဏီ၌သေဆုံးသူရှိပြီး အီတလီတွင် တစ်ဦးသေဆုံးကြောင့်သိရသည်။

ပိုလန်အစိုးရပြောခွင့်ရ အမျိုးသမီး မယ်လ်ဂေါ်ဇာတာဝေါ့ဇ်နီယက်က အရက်သမား အိမ်ခြေယာခြေမဲ့များဖြစ်ပြီး အပူဓါတ်လွှတ်ထားခြင်းမရှိသော အိမ်များအတွင်းဝင်ရောက်နေထိုင်ခဲ့ခြင်းကြောင့် သေဆုံးသွားကြရခြင်းဖြစ်ကြောင်း ဆိုသည်။
အိမ်ခြေယာခြေမဲ့များအား ကယ်ဆယ်ကူညီထားသော နေရာများတွင်ပြည့်သွားသဖြင့် အကူအညီလိုအပ်သူများတွေ့ ပါက ကူညီစောင့်ရှောက်ပေးထားကြရန် တာဝန်ရှိသူများက လူထုကို တိုက်တွန်းနှိုးဆော်ထားရလေသည်။

ဝါဆောတွင် ဗုဒ္ဓဟူးနေ့ညက အပူချိန် အနှုတ် ၂၂ ဒီဂရီ စင်တီဂရိတ်အောက်ကျဆင်းခဲ့ပြီး အိမ်ခြေယာခြေမဲ့များအား ထားသော မိုနာစောင့်ရှောက်ရေးဂေဟာတွင် အ၀တ်အခြောက်လျှော်စက်များဖြင့် အပူဓါတ်ပေးထားခဲ့ရပြီး လာရောက် ခိုလှုံနေသူများအား ထမင်းစားခန်းအတွင်း စွပ်ပြုတစ်ခွက်စီတိုက်ကျွေးခဲ့လေသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။