Friday, March 16, 2012

တာလီဘန်-အမေရိကန် ဆွေးနွေးရေး ရပ်ဆိုင်း


အမေရိကန်နှင့် စေ့စပ်ဆွေးနွေးရေးရွှေ့ဆိုင်းလိုက်ကြောင်း အာဖဂန်အာလီဘန်အုပ်စုက ပြောဆိုလိုက်ပြီးနောက် အမေရိကန်အိမ်ဖြူတော်အစိုးရက ဆွေးနွေးညှိနှိုင်းရန်တိုက်တွန်းပြောကြားလိုက်သည်။

`ကျွန်တော်တာလီဘန်တွေကို စေ့စပ်ညှိနှိုင်းဖို့ မကြာခဏပြောဆိုဖူးပါတယ်။ အာဖဂန်ပဋိပက္ခတွေ ရေရှည် ပြေလည်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးကို ကျွန်တော်တို့ အားပေးထောက်ခံနေပါတယ်။´ ဟု အိမ်ဖြူတော်ပြောရေး ဆိုခွင့်ရှိသူ ဂျေးကာနီက ဆိုသည်။

အာဖဂန်တွင် ကာလရှည်တိုက်ပွဲများဖြစ်ပွားနေမှုများ ရပ်ဆိုင်းသွားစေရန် စေ့စပ်ညှိနှိုင်းရေးလိုအပ်လျက်ရှိပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် တာလီဘန်တို့မပါဝင်နိုင်အောင် အမေရိကန်က ရည်ရွယ်ပြုမူလျက်ရှိသည်ဟု တာလီဘန် က စွပ်စွဲပြောကြားလိုက်သည်။
ကာတာတွင် အမေရိကန်နှင့် အမေရကန်နှင့် တာလီဘန်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး အကျဉ်းသားလဲလှယ် ရေးအစီအစဉ်များအပါအ၀င် ကာတာတွင် တာလီဘန်ဆက်ဆံရေးရုံးဖွင့်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။
`စေ့စပ်ဆွေးနွေးရေးအတွက် အဓိကအဟန့်အတားကတော့ အမေရိကန်ရဲ့ စိတ်နေသဘောထားမတည်ငြိမ် မှုနဲ့ အပြောင်းအလဲများနေတာတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စမအောင်မြင်သေးတဲ့ အပေါ် အမေရိကန် မှာသာ တာဝန်ရှိပါတယ်။´ ဟု တာလီဘန်က ပြောသည်။

ထို့ပြင် အာဖဂန်သမ္မတဟာမစ်ခါဇိုင်းကလည်း အာဖဂန်ကျေးရွာများရှိ အမေရိကန်အပါအ၀င် နိုင်ငံခြားစစ်တပ်များ ပြန်လည်ရုပ်သိမ်းရေးတောင်းဆိုလိုက်သည်။
ကန်ဒါဟာ ပြည်နယ် ကျေးရွာတစ်ခုတွင် အမေရိကန်စစ်သားတစ်ယောက်က ကျေးရွာသား ၁၆ ယောက်ကို သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း ခါဇိုင်းက ယခုကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါစစ်သားကို ဗုဒ္ဓဟူးနေ့က အာဖဂန်မှ ကူဝိတ်သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။
`ဒီကိစ္စကို အာဖဂန်အစိုးရလက်ထဲလွှဲပြောင်းပေးဖို့နဲ့ ထိထိရောက်ရောက်အရေးယူဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။´ ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာနှင့် တွေ့ဆုံပြီးနောက် ခါဇိုင်းက ပြောဆိုလိုက်သည်။

လုံခြုံရေးကိစ္စအ၀၀ကိုလည်း အာဖဂန်စစ်တပ်လက်တွင်းသို့ ၂၀၁၄ ခုနှစ်မှ မဟုတ်ဘဲ ၂၀၁၃ ခုနှစ်တွင် အပြည့်အ၀ ပြန်လည် လွှဲပြောင်းပေးရေးအတွက်လည်း ခါဇိုင်းကဆိုသည်။

အမေရိကန်၏ ဂွါတာနာမိုအကျဉ်းစခန်းမှ တာလီဘန်ထိပ်တန်းခေါင်းဆောင်နှစ်ဦးကို ပြန်လည်လွှ့တ်ပေးရေးအတွက် တာလီဘန်တို့က တောင်းဆိုထားပြီး ယင်းတောင်းဆိုမှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတင်မကျဖြစ်နေရခြင်းဖြစ် သည်။
တာလီဘန်တို့က အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရေးအတွက် ပမာဏအနေနှင့် ယင်းအကျဉ်း သား ငါးဦးကို လွှတ်ပေးရန် တောင်းဆိုထားသော်လည်း ဖြစ်နိုင်ချေမရှိဟု လက်လျှော့သွားပုံရကြောင်း အယ်ဂျာဇီယာသတင်းထောက် ဘားနက်စမစ်က ကဘူးလ်မှ သတင်းပေးပို့ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။