Tuesday, April 3, 2012

ကာလီဖိုးနီးယားရှိ ဥက္ကလံကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဥက္ကလံရှိ ပုဂ္ဂလိက ခရစ်ယာန်စာသင်ကျောင်းတစ်ကျောင်းတွင် သေနတ်သမားတစ်ဦးပစ်ခတ်ခဲ့သဖြင့် ၇ ဦးသေဆုံးခဲ့ရပြီး တရားခံကို ဖမ်းဆီးထားကြောင်း ရဲက ပြောသည်။ တနင်္လာနေ့နံနက်ပိုင်းတွင် အိုအိုင်းကို့စ်တက္ကသိုလ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခြားကျောင်းသားသုံးဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ယင်းတက္ကသိုလ်တွင် သီအိုလော်ဂျီခေါ် ထာဝရဘုရားသခင်နှင့် ဘာသာရေးဆိုင်ရာ လေ့လာမှုပညာရပ်၊ ဂီတ၊ သူနာပြု၊ အာရှဆေးပညာရပ်များသင်ကြားပို့ချသည်။ တရားခံကို ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှမိုင်ပေါင်းအတန်ငယ်ကွာဝေးသော ကုန်တိုက်တစ်ခုတွင် ဖမ်းဆီးထား ကြောင်းဆိုသည်။ အခင်းဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို အာဏာပိုင်များမှ ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေ။ သို့သော် သေနတ် သမားသည် တစ်ဦးတည်းပစ်ခတ်သွားခြင်းဖြစ်ကြောင်း ယူဆရသည်။ မည်သူမည်ဝါဖြစ်ကြောင်း အသေအချာမသိရသေးသော်လည်း ဥက္ကလံရဲများ၏ ပြောဆိုချက်အရ အာရှအမျိုးသား တစ်ဦးဖြစ်ကြောင်း၊ ကိုယ်ခန္ဓာတုတ်ခိုင်ကြောင်း၊ ကာကီရောင်အဝတ်အစားဝတ်ဆင်ထားကြောင်းသိရသည်။ ကျောင်းတည်ထောင်သူ သင်းအုပ်ဆရာ ဂျွန်ကင်မ်က ဥက္ကလံထရွိုင်ဗျွန်းသတင်းစာသို့ပြောကြားခဲ့ရာတွင် သေနတ် သမားသည် ယခင်က သူနာပြုသင်တန်းတက်ရောက်ခဲ့သော ကျောင်းသားဟောင်းတစ်ဦးဖြစ်ကြောင်း ဆိုသည်။ ဥက္ကလံ ဟိုက်လန်းမန်မရီရယ်ဆေးရုံတွင် သေနတ်ပစ်ခံရ၍ ဒဏ်ရာရရှိခဲ့သော လူနာ ၄ ဦးကို ဆေးကုသပေးလျက် ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။