Saturday, April 21, 2012

ဘာရိန်းတွင် ဖေါ်မြူလာဝမ်းပြိုင်ပွဲအား ဆန္ဒပြ

ပင်လယ်ကွေ့ ဘာရိန်းနိုင်ငံ် ဖေါ်မြူလာဝမ်းကားပြိုင်ပွဲကျင်းပရန် တစ်ရက်အလိုတွင် ရှက်ခ်ဟူရာရွာတွင် အဓိကရုဏ်းဖြစ်ပွားရာမှ ရဲများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာတွင် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ကြောင်း ဘာရိန်းအင်အားအကြီးဆုံးအတိုက်အခံ အယ်လ်-ဝါဖက်ပါခ်တီက ပြောသည်။ သေဆုံးသူမှာ အသက် ၃၇ နှစ်ရှိ အာဘက်စ်ဟာဘစ်ဖြစ်ပြီး စနေနေ့က သေဆုံးခဲ့ခြင်းဖြစ်ကာ သူ့အလောင်းကို အဆောက်အဦတစ်ခုဧ။် အမိုးပေါ်တွင် တွေ့ရှိခဲ့ရကြောင်း အယ်လ်-ဝါဖက်ခ်ပါတီက ပြောသည်။ သောကြာနေ့ည အဓိကရုဏ်းတွင် ရဲများက ရိုက်နှက်ခဲ့သဖြင့်သေဆုံးခဲ့ရကြောင်း ဆိုသည်။ သေဆုံးသူဟာဘစ်ဧ။် မိသားစုများက အလောင်းတွေ့ရှိရာနေရာသို့သွားရောက်ကာ ဟာဘစ်ဧ။် အလောင်းကို ကြည့်ရှုခွင့်ရရန်တောင်းဆိုခဲ့သော်လည်း ရဲများက ကြည့်ခွင့်မပေးကြောင်း ဟာဘစ်ဧ။် ယောက်ဖတော်စပ်သူ မိုဟာမက်အစ္စာက ရိုက်တာသတင်းဌာနသို့ပြောပြခဲ့သည်။ “အလောင်းကို သက်ဆိုင်ရာက သယ်ဆောင်မသွားခင်မှာ ဟာဘစ် ဟုတ်မဟုတ် ကြည့်ဖို့ ကျွန်တော်တို့တောင်းဆိုခဲ့ပေမယ့် ရေခဲတိုက်ကို ရောက်မှပဲ ကြည့်ပါလို့ပြောပြီး ကြည့်ခွင့်မပြုခဲ့ပါဘူး။” ဟု အစ္စာက ပြောသည်။ မြို့တော်မနားမားရှိ ကားပြိုင်ပွဲကျင်းပမည့် နိုင်ငံတကာ ပြိုင်ကားကွင်းကို လက်နက်အပြည့်အစုံတပ် ဆင်ထားသော စစ်ကားများ၊ ရဲများဖြင့် ပတ်ပတ်လည်တွင် ဝန်းရံစောင့်ရှောက်ထားသည်။ အချို့ အဓိကဝင်ပေါက်များတွင် သံဆူးကြိုးများဖြင့် ပိတ်ဆို့ကာရံထားကြောင်း တက်ကြွလှုပ်ရှားသူများ က ပြောသည်။ လူမှုဆက်သွယ်ရေးကွန်ယက် တွစ်တာစာမျက်နှာထက်တွင် ပြည်ထဲရေးဝန်ကြီးက အဓိကရုဏ်း အတွင်း သေဆုံးမှုဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးသား ဖေါ်ပြထားသည်။ ဘာရိန်းနိုင်ငံ အဓိကအဝေးပြေးလမ်းမကြီးများတွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက နိုင်ငံတကာ ဖေါ်မြူလာဝမ်းကားပြိုင်ပွဲကြီးကို ဘာရိန်းနိုင်ငံတွင် လာရောက်ကျင်းပခြင်းအား ဆန့်ကျင် ကန့်ကွက်ဆန္ဒပြလျက်ရှိကြသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။