Tuesday, April 3, 2012

ဟာဖစ်ဆာအိဒ်က အမေရိကန်ကို သက်သေပြရန်တောင်းဆို

ပါကစ္စတန် အခြေစိုက် လက်ရှ်ခါ-အီး-တိုင်ဘာအဖွဲ့ခေါင်းဆောင် ဟာဖစ်ဆာအိဒ်ကို မွမ်ဘိုင်းအကြမ်းဖက်မှုတွင် နောက်ကွယ်မှကြိုးကိုင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် သူ့ကိုအမေရိကန်မှ ဒေါ်လာ ၁၀ သန်းဆုကြေးထုတ်၍ ဝရမ်းထုတ်ထားသည့်အပေါ် သက်သေအထောက်အထားပြရန် တောင်းဆိုလိုက်သည်။ အယ်ဂျာဇီယာက သူ့ကိုမေးမြန်းအင်တာဗျူးခဲ့ရာတွင် အာဖဂန်နစ္စတန်ရှိ နေတိုးတပ်ဖွဲ့များအတွက် အထောက်အပံ့ လမ်းကြောင်း ပါကစ္စတန်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့်အပေါ် သူကကန့်ကွက်ဆန္ဒပြစည်းရုံးလှုပ်ရှားမှုများပြုလုပ်ခဲ့ သဖြင့် အပြစ်ရှာခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ``ကျွန်တော်တို့ကို မရမကလိုက်လံရှာဖွေဖမ်းဆီးဖို့ ဆုကြေးငွေထုတ်ရလောက်အောင် ကျွန်တော်တို့က တောတောင်ဂူမြောင်တွေကြားမှာ ပုန်းအောင်နေတဲ့လူတွေ မဟုတ်ပါဘူး။ အာဖဂန်နေတိုးတပ်တွေအတွက် ပါကစ္စတန်ထောက်ပံ့ရေးလမ်းကြောင်းပြန်ဖွင့်ပေးလိုက်ခြင်းနဲ့ ဒရုန်းလေယာဉ်တိုက်ခိုက်မှုတွေအတွက် စည်းရုံးပြီး ဆန္ဒပြပွဲတွေဖြစ်ပေါ်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် အပြစ်ရှာခြင်းသာဖြစ်ပါတယ်။`` ``အမေရိကန်က သတင်းအချက်အလက်တွေကို အမှန်အတိုင်းမသိပါဘူး။ အိန္ဒိယကပေးတဲ့သတင်းတွေ အပေါ် အခြေခံပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါမှမဟုတ် အပြစ်ရှာတာသာဖြစ်ပါတယ်။`` ဟု ဆာအိဒ်က အခိုင် အမာပြောဆိုလိုက်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။