Sunday, May 27, 2012

ယူရိုဗီးရှင်း အဆိုပြိုင်ပွဲ ဆွီဒင်အဆိုတော် အနိုင်ရ

အဇာဘိုင်ဂျန်တွင် ကျင်းပသော ၅၇ ကြိမ်မြောက် ယူရိုဗီးရှင်း အဆိုပြိုင်ပွဲတွင် ဆွီဒင်အဆိုတော် လော်ရင်းက သူမ၏ `ယူဖိုးရီးရား`ခေါ် ပျော်ရွှင်ဝမ်းမြောက်ခြင်း ဟုအမည်ရသော သီချင်းဖြင့် အနိုင်ရရှိခဲ့သည်။ အသက် ၂၈ ရှိ လော်ရင်းသည် ခြေထောက်ဗလာဖြင့် စင်မြင့်ထက်တွင် ဖျော်ဖြေပြိုင်ပွဲဝင်ခဲ့ပြီး ကြည့်ရှုသူ သန်း ၁၀၀ ကျော်သည်။စနေနေ့က နောက်ဆုံးဗိုလ်လုပွဲအဖြစ် အဇာဘိုင်ဂျန်မြို့တော် ဘူကူတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျွမ်းကျင်ပညာရှင် အကဲဖြတ်ဒိုင်များက အဆုံးအဖြတ်ပေးပြီး လော်ရင်းအနိုင်ရခဲ့ သည်။ စင်မြင့်ထက်တွင် ဖျော်ဖြေစဉ် သူမပေါ်သို့ နှင်းကျသည့်ပုံစံ အလှကြဲစက္ကူစများ ပြန့်ကျဲကျဆင်းလာသည့် တင်ဆက်မှုပါဝင်ခဲ့ပြီး အစမ်းလေ့ကျင့်စဉ်အခါက သူမကို ဒုက္ခပေးခဲ့သည့် အရာများဖြစ်သည်။ `မနေ့က အစမ်းလေ့ကျင့်တုန်းက အဲဒီ စက္ကူနှင်းဖတ် တစ်ဖတ်ကျွန်မပါးစပ်ထဲဝင်သွားပြီး လည်ချောင်းမှာ ကပ်နေတယ်။ ဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တကယ်တိုက်ရိုက်တင်ဆက်ဖျော်ဖြေတဲ့ နေရာမှာတော့ ကျွန်မစိတ်အနှောက်အယှက်မရှိ ဖျော်ဖြေနိုင်ခဲ့ပါတယ်။`ဟု လော်ရင်းက ပြောပြခဲ့သည်။ သီချင်းအဆိုပြိုင်ပွဲ စီစဉ်သူ ဘန်ရောဘတ်ဆန်က နောက်နှစ်တွင် ဆွီဒင်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်တွင် စတော့ဟုမ်းလ်ရှိ အိုးလ်တောင်းတွင် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ရုရှအဆိုတော် ဘူရာနော့ဗ်စကီးယီ ဘာဘွတ်ရှကီက ဒုတိယ၊ ဆားဗီးယားအဆိုတော်က တတိယနေများ အသီးသီးရရှိခဲ့ကြသည်။ ယူရိုဗီးရှင်း အဆိုပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူများသည် နိုင်ငံတကာနယ်ပယ်တွင် ကျော်ကြားသော အဆိုတော်များဖြစ်ခဲ့ကြသည်။ ၁၉၇၄ ခုနှစ်တွင် ဆွီဒင် ပေါ့ပ်အဆိုတော်အုပ်စုက `ဝါတာလူး`သီချင်းဖြင့်အနိုင်ရရှိခဲ့ပြီး အောင်မြင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကနေဒါအဆိုတော် စလင်းဒီယွန်အနိုင်ရပြီးနောက်ပိုင်း ကမ္ဘာတစ်လွှား ကျော်ကြားလာ ခဲ့လေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။