Thursday, May 17, 2012

ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင်များကို ဖမ်းဆီး

BNP ပါတီအတွင်းရေးမှူး မာဇာဖာ့ရူးလ်အလမ်ဂါ
ဘင်္ဂလားဒေ့ရှ်တွင် လွန်ခဲ့သောလက အစိုးရဆန့်ကျင်ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူများက မီးရှို့ဖျက်ဆီးမှုများပြုလုပ် ခဲ့သဖြင့် ယင်းနှင့်ဆက်စပ်၍ အတိုက်အခံခေါင်းဆောင် ၃၃ ဦးကို မြို့တော်ဒါကာတွင် ဖမ်းဆီးခဲ့သဖြင့် ထောက်ခံသူ များနှင့် ရဲများအကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အကြီးဆုံးနိုင်ငံရေးအတိုက်အခံပါတီ ဖြစ်သော ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) က ကြာသပတေး နေ့တွင် နိုင်ငံအဝှမ်းသပိတ်မှောက်ဆန္ဒပြပွဲများပြုလုပ်ကြရန် နှိုးဆော်ထားသည်။ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးမှုနှင့်ပတ်သက်ပြီးမကျေမနပ်ဖြစ်နေကြသော လူထုကြီးက ဒါကာမြို့တရားရုံးအပြင်ဘက်တွင် စုဝေးခဲ့ကြသည်။ ရဲများက နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖြိုခွင်းပြီး ဆန္ဒပြသူများကလည်းကားများကို တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ အခြားသောမြို့ရွာများတွင်လည်း အလားတူဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အတိုက်အခံထောက်ခံသူအများအပြားကိုလည်းဖမ်းဆီးထားကြောင်း ATN ဘင်္ဂလားရုပ်မြင်သံကြားက ကြေငြာခဲ့ သည်။ ဒါကာမြို့အခြားနေရာနှစ်ခုတွင်လည်း ကားနှစ်စင်းမီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း အခြားသတင်းဌာနများမှ ကြေငြာသွားခဲ့သည်။ ဖမ်းဆီးထားသူခေါင်းဆောင်များထဲတွင် ယခင်ဒါကာမြို့တော်ဝန်ဟောင်း ဆာဒက်ဟော့စိန်းဦးဆောင်သော BNP ပါတီမှ ယာယီအတွင်းရေးမှူး မာဇာဖာ့ရူးလ်အလမ်ဂါ ပါဝင်ကြောင်းသိရသည်။ 'ကျွန်တော်တို့ရဲ့ထိပ်တန်းခေါင်းဆောင်တွေကို တရားရုံးကအာမခံမပေးတဲ့အတွက် အလွန်အံ့သြတုန်လှုပ်မိ ပါတယ်။` ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။