Thursday, May 17, 2012

တရုတ်ထိပ်တန်းခေါင်းဆောင်များအတွင်း အကွဲအပြဲများဖြစ်

တရုတ်ကွန်မြူနစ်ပါတီဝင်ဟောင်း နိုင်ငံရေးဝါရင့်အုပ်စုတစ်စုသည် အိပ်ဖွင့်ပေးစာတစ်စောင်ရေးသားကာ တရုတ်ထိပ် တန်း လုံခြုံရေးအကြီးအကဲ ဇူယောင်ခန်ကို ရာထူးမှဖယ်ရှားပေးရန် တောင်းဆိုလိုက်သည်။ မကြာမီတွင် ဘေဂျင်း အစိုးရခေါင်းဆောင်အပြောင်းအလဲ ရွေးချယ်ရမည့်အချိန်ဖြစ်ပြီး အကွဲအပြဲများရှိနေသည့် လက္ခဏာတစ်ရပ်ပင်ဖြစ် လေသည်။ ဇူယောင်ခန်သည် တရုတ်အစိုးရထိပ်တန်းကြီးကိုးကြီးတွင် အပါအဝင်တစ်ဦးဖြစ်ပြီး ခေါင်းမာသူတစ်ဦးဖြစ်ကြောင်း၊ လွန်ခဲ့သောနှစ်က ဖြုတ်ချခံခဲ့ရသည့် ဘိုဇီလိုင်နှင့် အချိတ်အဆက်ရှိသူတစ်ဦးဖြစ်ကြောင်းသုံးသပ်ကြသည်။ ဘိုသည် အရည်အချင်းရှိသော ပါတီခေါင်းဆောင်တစ်ဦးဖြစ်ကာ ယမန်နှစ်က သူ့ကိုဖြုတ်ချခဲ့စဉ်က တရုတ်နိုင်ငံရေး တွင် ဆယ်စုနှစ်အတွင်း ကြီးမားသောဂယက်ရိုက်ခတ်မှုများဖြစ်ပွားခဲ့လေသည်။ အိပ်ဖွင့်ပေးစာသည် သမ္မတ ဟူဂျင်းတောင်ထံသို့ပေးပို့ခဲ့ခြင်းဖြစ်ပြီး ပါတီ၏ အထွေထွေတွင်းရေးမှူးက ဇူသည် တရုတ်တွင် မော်စီတုန်းဝါဒများပြန်လည်ထွန်းကားလာရေး လှုပ်ရှားမှုတွင် ပါဝင်ကြောင်း နိုင်ငံခြားဝက်ဘ်ဆိုက်များ ပေါ်တွင် ရေးသားဖေါ်ပြခဲ့သည်။ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအကြီးအကဲဟောင်း ဇာအိုဇန်ဂရွန်းက အေအက်ဖ်ပီသတင်းသို့ပြောကြားရာတွင် သူအပါအဝင် သူ့ပြည်နယ်အတွင်းရှိ အခြားသောပါတီဝင်ဟောင်း ၁၅ ဦးတို့ သည် ဇူကိုရာထူးမှဖယ်ရှားပစ်ရန် ထိပ်ပိုင်းအကြီးအကဲများထံသို့ စာတင်ခဲ့ကြောင်း ဆိုသည်။ ဘိုဇီလိုင်ကိုရာထူးမှ ဖယ်ရှားခဲ့ပြီးနောက်ပိုင်း ဇူလည်းဆက်လက်ထုတ်ပယ်ခံရမည်ဟူသော ဝေဖန်မှုများပေါ်ပေါက်နေ ခဲ့လေသည်။ တရုတ်ထိပ်တန်းအရာရှိများကို ရာထူးမှဖယ်ရှားပစ်ရန် ယခုကဲ့သို့ပြောင်ပြောင်တင်းတင်း တောင်းဆိုမှု သည် တရုတ်နိုင်ငံတွင် ရှားရှားပါးပါးဖြစ်ရပ်တစ်ခုဖြစ်သည်။ `အခုအဖြစ်အပျက်ဟာ တံခါးပိတ်နောက်ကွယ်မှာ အကွဲအပြဲတွေ၊ အတွင်းကြိတ်တိုက်ခိုက်မှုတွေရှိနေတယ် ဆိုတာ ဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။` ဟု အယ်ဂျာဇီယာသတင်းထောက် ရော့ဘ်မက်ဘရစ်က ဟောင်ကောင်မှနေ၍ သတင်းပေးပို့ခဲ့သည်။ `ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ မော်ဝါဒီလက်ယာစွန်းအသစ်တွေကြား အာဏာလွန်ဆွဲပွဲတွေရှိနေ တယ်ဆိုတာ သိနေရတာတော့ ကြာပါပြီ။` ဇူသည် ကိုးဦးပါဝင်သော အမြဲတမ်းကော်မီတီနှင့် နိုင်ငံရေးနှင့်ဥပဒေကော်မစ်ရှင် အဖွဲ့၏ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်လိမ့်မည်ဖြစ်ကြောင်း ထင်ကြေးပေးနေကြသည်။ အဆိုပါနိုင်ငံရေးနှင့် ဥပဒေကော်မစ်ရှင်အဖွဲ့သည် တရားစီရင်ရေးနှင့် ရဲဌာနများကို ကြီးကြပ်အုပ်ချုပ်လျက်ရှိသည်။ သူ့ကိုစောစောစီးစီးထုတ်ပယ်ပစ်လိုက်လျင် တိုင်းပြည်သည်ရှေ့သို့ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးလိုက်သကဲ့သို့ ဖြစ်နိုင်ကြောင်း အိပ်ဖွင့်ပေးစာတွင် ရေးသားထားလေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။