Wednesday, May 30, 2012

ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ရွမ်းနေ ဝင်ရောက်ယှဉ်ပြိုင်မည်

အမေရိကန်တွင် လာမည့်နိုဝင်ဘာလအတွင်းကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားနှင့် ယှဉ်ပြိုင်အရွေးချယ်ခံမည့် ရီပတ်ဗလီကန်ပါတီမှ သမ္မတလောင်းအဖြစ် မစ်ရွမ်းနေ ကိုရွေးချယ်လိုက်ပြီဖြစ်သည်။ တက္ကဆက်တွင် လပေါင်းအတန်ကြာ မဲဆွယ်စည်းရုံးမှုများပြုလုပ်ပြီးနောက် အင်္ဂါနေ့ကညက သမ္မတလောင်းအဖြစ် ရီပတ်ဘလီကန်မှ ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်အဖြစ် သေချာသွား ခဲ့လေသည်။ တက္ကဆက်ရှိ ကိုယ်စားလှယ် ၁၅၅ ဦးထံမှ ထောက်ခံမဲရရှိအောင် ကြိုးစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ် ကြောင်း ရွမ်းနေက ပြောကြားခဲ့သည်။ `လွန်ခဲ့သောသုံးနှစ်ခွဲလောက်က ဖြစ်ပျက်ခဲ့တဲ့ ကျွန်တော်တို့ပါတီရဲ့ အမှားတွေကို ပြန်လည်ပြင် ဆင်ပြီးကျွန်တော်တို့ ပြန်လည်ရပ်တည်နေပါပြီ။ အရှေ့မှာ ကြိုတင်စောင့်ဆိုင်းနေမယ့် အခက်အခဲတွေကို လည်း ရှင်းရှင်းလင်းလင်းသိမြင်ထားပါတယ်။ ဘယ်လို စိန်ခေါ်မှုမျိုးတွေနဲ့ပဲ ကြုံတွေ့ရပါစေ၊ အမေရိကန် ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စီးပွားရေးဖွံ့ဖြိုးမှုတွေ ဖန်တီးပေးဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။` ဟု ဆိုသည်။ ရီပတ်ဘလီကန် သမ္မတလောင်း ရွေးချယ်ရာတွင် ပြိုင်ဘက် ရစ်ဆန်တိုရမ်နှင့် နယူးတ်ဂင်ဂရစ်တို့ ပြိုင်ပွဲ မှ နှုတ်ထွက်သွားခဲ့ပြီး ရွမ်းနေမှာ သေချာသွားပြီးဖြစ်သော်လည်း လာမည့်သြဂုတ်လ နှောင်းပိုင်း တွင် တမ်ပါ၌ကျင်းပမည့် ရီပတ်ဘလီကန်အမျိုးသားညီလာခံပြီးမှ တရားဝင်ကြေငြာမည်ဖြစ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။