Thursday, May 24, 2012

အမေရိကန်ရေငုပ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်ရှိ သင်္ဘောကျင်းတွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ လေးဦးဒဏ်ရာရရှိခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားများဖြင့် အမြဲစည်ကားနေသော ပေါ့စမောက်မြို့အနီး ကစ်တရီကျွန်းပေါ်ရှိ ရေတပ် သင်္ဘောကျင်းတွင် ဆိုက်ကပ်ထားသော ယူအက်စ်အက်စ် မိုင်ယာမီ SSN 755 ရေငုပ်သင်္ဘောတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူလေးဦးကို ကုသမှုပေးပြီးနောက် ဆေးရုံးမှ ပြန်လည်ဆင်းသွားပြီဖြစ်ကြောင်း သင်္ဘောကျင်း တာဝန်ရှိသူများက ဆိုသည်။ မီးသတ်သများဒဏ်ရာရရှိခဲ့ကြောင်း ပေါ့စ်မောက်သံတော်ဆင့် သတင်းစာက ဖေါ်ပြခဲ့သည်။ သင်္ဘောအရှေ့ပိုင်း အတွင်းဘက်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောကျင်းလူမှုရေးရာကျွမ်း ကျင်သူ ဂယ်ရီဟစ်ရိက ပြောသည်။ မီးလောင်မှုဖြစ်ပွားစဉ်တွင် သင်္ဘော၏ နျူကလီးယားဓါတ်ပေါင်းဖို လည်ပတ်နေခြင်းမရှိခဲ့၍ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုဖြစ်ရသည့် အကြောင်းရင်းကို မူ မသိရသေးပေ။ အဆိုပါရေငုပ်သင်္ဘောကို ပြန်လည်ပြင်ဆင်မွန်းမံမှုများပြုလုပ်ရန် မတ်လအတွင်းက လာရောက်ဆိုက်ကပ် ထားခြင်းဖြစ်သည်။ ၎င်း၏ကိုယ်ပိုင်ဆိပ်ကမ်းမှာ အမေရိကန်ရေတပ်ဌာနစခန်းတည်ရှိရာ ကွန်နက်တီကပ် ပြည်နယ် ဂရော်တွန်မြို့ဆိပ်ကမ်းတွင်ဖြစ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။