Thursday, June 14, 2012

အာကာသမှန်ပြောင်းသစ်တစ်ခု နာဆာထပ်မံလွှတ်တင် (ဗွီဒီယိုသတင်း)

စင်္ကြာဝဠာအကြောင်းများပိုမိုသိရှိနိုင်ရန် နာဆာက စင်္ကြာဝဠာတွင်းနက်ကြီး ရှာဖွေရေး ဟုခေါ်သော ခေါင်းစဉ်ဖြင့် တယ်လီစကုပ်မှန်ပြောင်းအသစ်တစ်ခုထပ်မံလွှတ်တင်လိုက်ပြီဖြစ်သည်။ NuStar ခေါ် အဏုမြူအလင်းလှိုင်းအာရုံခံစံနစ်မှန်ပြောင်းကို ပစိဖိတ်အလယ်ပိုင်း မာရှယ်ကျွန်းပေါ်ရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းမှ လွှတ်တင်ခဲ့သည်။ NuStar မှန်ပြောင်းသည် ဘတ်စ်ကားတစ်စင်းအရွယ်မျှရှိပြီး အာကာသတွင်းရောက်ရှိသွားလျှင် ထပ်မံဆန့်ထွက်ရှည်လျားလာမည်ဖြစ်သည်။ အာကာသတွင်းရောက်ရှိပြီး စတင်အလုပ်လုပ်ဆောင်နိုင်ရန် အချိန်တစ်ပတ်မျှသာကြာမည်ဖြစ်သည်။ ယခင်လွှတ်တင်ထားသောမှန်ပြောင်းများမှ ပေးပို့သော စင်္ကြာဝဠာပုံရိပ်များထက် ပိုမိုအလှမ်းဝေးသော၊ ပိုမိုပြည့်စုံသော ပုံရိပ်များဖမ်းယူရရှိနိုင်မည်ဖြစ်ပြီး အဓိကအားဖြင့် Black Hole ခေါ် စင်္ကြာဝဠာတွင်းနက် ကြီးများကို ရှာဖွေသွားမည်ဖြစ်သည်။ NuStar ၏ စွမ်းပကားဖြင့် နက္ခတပညာရှင်များအနေနှင့် ကြယ်များ၊ တွင်းနက်ကြီးများအကြောင်းကို အနီးကပ်၊ အသေးစိတ်ထပ်မံ လေ့လာနိုင်တော့မည်ဖြစ်၏။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။