Sunday, July 8, 2012

အာဖဂန်တွင် အမျိုးသမီးတစ်ဦးကို လူအများရှေ့တွင် အပြစ်ပေးသတ်ဖြတ်

http://aje.me/L0SkDB တာလီဘန်ဟု ဆိုသောအမျိုးသားတစ်ဦးက အိမ်ထောင်ရေးဖေါက်ပြန်သည်ဟု စွပ်စွဲခံရသော အမျိုးသမီးတစ်ဦးကို ကဘူးလ်မြို့အနီး လူအများရှေ့တွင် ပစ်သတ်ခဲ့သည့် ဗွီဒီယိုကို ရိုက်တာသတင်းဌာနက ရရှိခဲ့သည်။ သုံးမိနစ်ကြာမြင့်သော ယင်းဗွီဒီယိုမှတ်တမ်းတွင် အပြစ်ကျူးလွန်သည်ဟုစွပ်စွဲခံရပြီး ငုတ်တုတ်ထိုင်နေသော အမျိုးသမီးကို ခေါင်းပေါင်းပေါင်းထားသော အမျိုးသားတစ်ဦးကအော်တိုမက်တစ်ရိုင်ဖယ် သေနတ်ဖြင့် အနီးကပ် ငါးချက်ပစ်သတ်ခဲ့ ကြောင်း တွေ့ရသည်။ ပြီးနောက် ဝိုင်းဝန်းကြည့်ရှုနေကြသော အမျိုးသား ၁၅၀ က ဝိုင်းဝန်း အော်ဟစ်အော်ဘာပေးကြလေသည်။ ပါဝမ်ပြည်နယ် ကျေးရွာတစ်ရွာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်လေသည်။ `အိမ်ထောင်ရေးဖေါက်ပြန်တာမလုပ်ဖို့ အလ္လာက ပြောထားတယ်။ ဒီမိန်းမကို သတ်ဖြတ်ဖို့ အလ္လာက အမိန့် ပေးထားတယ်။` ဟု သေနတ်သမား အမျိုးသမီးအနီးချဉ်းကပ်သွားစဉ် အခြားအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအဖြစ်အပျက်သည် ကဘူးလ်မှ တစ်နာရီခန့်အကြာသာ ကားမောင်းသွားရသော ရှင်ဝါရီခရိုင်ရှိ ခင်ချုပ်ကျေးရွာ တွင် လွန်ခဲ့သော တစ်ပတ်က ရိုက်ကူးထားခဲ့သော ဗွီဒီယိုဖြစ်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးဘဆာဆလန်ဂီက ပြောသည်။ ယင်းကဲ့သို့ လူစုလူဝေးရှေ့မှောက် သတ်ဖြတ်စီရင်ခြင်းများသည် တာလီဘန်တို့အာဏာရှိစဉ် ၁၉၉၆-၂၀၀၁ ခုနှစ် ကာလအတွင်းက အာဖဂန်လူထုအတွက် နာကျင်ကြေကွဲဖွယ်ဖြစ်ရပ်များအဖြစ် အမှတ်ရနေစေခဲ့သည်။ တာလီဘန် တို့ကို နေတိုးတပ်ဖွဲ့များ တိုက်ခိုက်လာသည်မှာ ၁၁ နှစ်ရှိပြီဖြစ်ပြီး အာဖဂန်အသိုင်းအဝန်းရှိ အမျိုးသမီးများနှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုများအတွက် ဝေဖန်ပြောဆိုမှုများရှိနေဆဲဖြစ်သည်။ `ကျွန်တော်ဒီဗွီဒီယိုကို ကြည့်တဲ့အခါမှာ မျက်စေ့တောင်ပိတ်ထားမိပါတယ်။ အမျိုးသမီးမှာ ဘာအပြစ်မှမရှိ ပါဘူး။ တာလီဘန်တွေသာ အပြစ်ရှိတာပါ။` ဟု ဆလန်ဂီက ရိုက်တာသတင်းဌာနသို့ ပြောသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။