![]() |
| လွန်ခဲ့သောနှစ်ပတ်က လက်ဂမန်ပြည်နယ်ဗုံးကွဲမှုမြင်ကွင်း(ရိုက်တာ) |
“အရပ်သားလေးဦးသေဆုံးသွားပါတယ်။ ၁၄ ဦးဒဏ်ရာရရှိပါတယ်။” ပြည်နယ်အုပ်ချုပ်ရေးမှူး ၏ ပြောရေးဆိုခွင့်ရှိသူ ဖိုင်ဇနူလာပက်တန်က AFP သတင်းသို့ တနင်္လာနေ့ကပြောသည်။ ဗုံးခွဲသမားသည် မည်သူ့ကိုဦးတည်တိုက်ခိုက်မှန်းမသိ ကြောင်းလည်းပြောသည်။
မြို့တော်ကဘူးလ်မှ ၁၀၀ ကီလိုမီတာခန့်ကွာဝေးသော လက်ဂမန်ပြည်နယ်၊ အလီရှိုင်းခရိုင်၊ နာဂျီးလ် ခိုင်းလ်မြို့ငယ်လေးတွင် အဆိုပါအသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ပြီး ထိုမြို့တွင်မည်သည့် အစိုးရရုံး၊ စစ်တပ်မျှလည်း မရှိကြောင်းဆိုသည်။ ဖေါက်ခွဲရေးပစ္စည်းများကို အသေခံဗုံးခွဲသမား ကိုယ်လုံးတွင် တွဲချည်ထားခြင်းဖြစ်သည်။
လွန်ခဲ့သောလမှစ၍ စစ်သွေးကြွများက ထိုးစစ်ဆင်ရန်ကြေငြာပြီးနောက်အသေခံဗုံးခွဲမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။ တနင်္ဂနွေနေ့က တာလီဘန်တို့က ယာဉ်ထိန်းရဲရုံးကို ဝင်ရောက်စီးနင်းခဲ့ရာ အာဖဂန်ရဲခြောက်ဦးသေဆုံးခဲ့ပြီး အသေခံဗုံးခွဲသမား နှစ်ဦးကလည်း ရဲနှင့် ၉ နာရီကြာတင်းမာခဲ့ပြီးဖေါက်ခွဲပစ်ခဲ့သည်။
စနေနေ့တွင် ကဘူးလ်မြို့စစ်ဆေးရုံအတွင်းအသေခံဗုံးခွဲခဲ့ရာ ကျောင်းသား ၆ ဦးသေဆုံးခဲ့သေးသည်။
၂၀၀၁ ခုနှစ်ကတည်းက အစ္စလာမ်အစွန်းရောက်အစိုးရကို အမေရိကန်ဦးဆောင်ဖြုတ်ချခဲ့ပြီး တာလီဘန်တို့ကိုနှိမ်နင်းရန် နိုင်ငံခြားတပ်သား ၁၃၀,၀၀၀ ကို ၁၀ နှစ်အတွင်းအသုံးပြုခဲ့သည်။ မကြာခဏဆိုသလို အရပ်သားများသည် သားကောင်ဖြစ်ရ လေ့ရှိသည်။
မနှစ်ကဆိုလျှင် ပဋိပက္ခများအတွင်းအရပ်သားသေဆုံးမှု စံချိန်တင်ခဲ့သည်။ ကုလသမဂ္ဂစာရင်းများအရ အရပ်သား ၂,၇၇၇ ဦး သေဆုံးခဲ့သည်။ ပါကစ္စတန်နှင့်နယ်စပ် ကူနာပြည်နယ်တွင် အာဖဂန်နှင့် နိုင်ငံခြားတပ်သား ၇ ဦးချုံခိုတိုက်ခိုက်ခံရ၍သေဆုံး ခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့က ပြောကြားခဲ့သည်။
အာဖဂန်တွင် နိုင်ငံတကာတပ်သား ၁၃၀,၀၀၀ ရှိရာ အများစုမှာ အမေရိကန်ပြည်ထောင်စုမှဖြစ်သည်။
ဂျူလိုင်လမှစ၍ အာဖဂန်စစ်တပ်မှလုံခြုံရေးတာဝန်ကိုလွှဲပြောင်း ရယူခဲ့ပြီး နိုင်ငံခြားတပ်များကိုထွက်ခွာ ခွင့်ပြုခဲ့သည်။
မေလ ၂ ရက်နေ့က အမေရိကန်စစ်တပ်မှ အိုစမာဘင်လာဒင်ကို သတ်ဖြတ်လိုက်ပြီးနောက် ဆက်လက်အရှိန်မြှင့်တိုက်ခိုက် နိုင်ရန်အတွက်အချိန်ထပ်တိုးရန်တောင်းဆိုမှုများရှိနေသော်လည်း နိုင်ငံတကာတပ်များအနေနှင့် ၂၀၁၄ တွင်အာဖဂန်မှ အပြီးသတ်ထွက်ခွာမည်ဖြစ်သည်။
Source: Al Jazeera




















11:31 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment