Monday, May 23, 2011
အမေရိကန်တွင် လေဆင်နှာမောင်းတိုက်ခတ်ပြန်
“မန်မိုရီရယ်ဟောလ်ဆေးရုံမှာ တင်ထားရတဲ့ ဒါဏ်ရာရသူတွေ ရာနဲ့ချီပြီးတော့ရှိပါတယ်။ ဒါပေမယ့် ဆေးရုံမှာ ချက်ခြင်းပဲ ပြည့်လျှံသွားတဲ့အတွက် ကျောင်းတစ်ကျောင်းကို လူနာတွေလက်ခံဖို့အတွက် ဖွင့်ထားရပါတယ်။”
မစ္စူရီပြည်နယ်၊ ဂျော့ပလင်မြို့တွင် တော်နေဒိုးလေဆင်နှာမောင်းကြီးတစ်ခုတိုက်ခတ်ရာ အနည်းဆုံး ၈၉ ဦးသေဆုံးခဲ့သည်။
လွန်ခဲ့သောတစ်လ မပြည့်မီကပင် တော်နေဒိုးတစ်ခုတိုက်ခတ်ခဲ့ရာ ပြည်နယ်ခုနှစ်ခုတွင် ၃၅၄ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
ယခုလေဆင်နှာမောင်းသည် အိုကလာဟိုးမားနှင့် ကန်ဆက်ပြည်နယ်တို့အနီးဂျော့ပလင်မြို့ကိုတိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
“ဒီလေဆင်နှာမောင်းကြောင့် ၈၉ ယောက်သေဆုံးတယ်လို့ အတည်ပြုထားပါတယ်။” မြို့တာဝန်ခံ မာ့ရောက တနင်္လာ နေ့က ပြောကြားခဲ့သည်။
ဂျော့ပလင်ဂလုပ် သတင်းစာမှ စကော့မီးခါက လေဆင်နှာမောင်းသည် မြို့ကို စစ်မြေပြင်အသွင်ပြောင်းလဲပစ်လိုက်သည်ဟု ဆိုသည်။
“မန်မိုရီရယ်ဟောလ်ဆေးရုံမှာ တင်ထားရတဲ့ ဒါဏ်ရာရသူတွေ ရာနဲ့ချီပြီးတော့ရှိပါတယ်။ ဒါပေမယ့် ဆေးရုံမှာ ချက်ခြင်းပဲ ပြည့်လျှံသွားတဲ့အတွက် ကျောင်းတစ်ကျောင်းကို လူနာတွေလက်ခံဖို့အတွက် ဖွင့်ထားရပါတယ်။” နယ်မြေခံလည်းဖြစ်သူ မီးခါကပြောပြသည်။
ကားများကြေမွသွားပြီး အဆောက်အဦများလည်း တစ်စစီဖြစ်သွားသည်။ ယင်းအပျက်အစီးများကြားတွင် လူအများသည် မိတ်ဆွေ၊ မိသားစု၊ အိမ်နီးချင်းများကိုလိုက်လံရှာဖွေလျက်ရှိသည်။
အပျက်အစီးများနှင့် ပြိုကျသွားသောအိမ်များမှ မီးတောက်များ၊ မီးခိုးလုံးများအူထွက်လျက်ရှိသည်။ ရေပိုက်များကျိုးပြတ်ပြီး ရေများပန်းထွက်လျက်ရှိသည်။ အသက်မသေပဲ ကျန်ရစ်သူများမှာထိတ်လန့်တုန်လှုပ်ကာ အပျက်အစီးများကို ငေးကြည့်လျက်ရှိသည်။ မြို့တောင်ဘက်လမ်းများမှာ သစ်ပင်များ၊ ဓါတ်တိုင်များကျိုးကျပိတ်ဆို့နေသဖြင့်သုံးမရတော့ပေ။ ဒဏ်ရာရသူများကိုဆေးရုံသို့ပို့ဆောင်နေသော အရေးပေါ်ကယ်ဆယ်ရေးကားများလည်း အပြေးအလွှားမောင်းနှင်လျက်ရှိသည်။
ကီလိုမီတာ ၂၅၇ အတွင်း ကန်ဆက်မြို့တော်ရှိ လူဦးရေ ၅၀၀၀၀ ခန့်မှာဖုန်းအဆက်အသွယ်လည်းပြတ်တောက်လျက်ရှိသည်။
Source: Al Jazeera




















10:26 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment