Monday, June 13, 2011
အစ္စရေးသူလျှိုတစ်ဦး ကိုင်ရိုတွင်ဖမ်းမိ
အစ္စရေးထောက်လှမ်းရေးမာ့ဆက်အတွက်အလုပ်လုပ်ပေးနေသော အစ္စရေးနိုင်ငံသားသူလျှိုတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အီဂျစ် MENA သတင်းဌာနကပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံရေး၊ စီးပွားရေးပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် သူလျှိုလုပ်ခြင်းအပေါ်စုံစမ်းစစ်ဆေးနိုင်ရန် ၁၅ ရက်ထပ်မံထိန်းသိမ်းပြီးစစ်ဆေးရန် အီဂျစ်ဗဟိုတရားရုံး တရားသူကြီး ဟက်ဆန်ဘာဒါဝီက အမိန့်ချမှတ်လိုက်ကြောင်း တနင်္ဂနွေနေ့က MENA သတင်းဌာနက ကြေငြာခဲ့သည်။ တရားခံ၏ အမည်မှာ အီလန်ချိုင်းဂရေဘယ်ဖြစ်ပြီး သူ့ကို ကိုင်ရိုမြို့လည်ရှိဟိုတယ်တွင် ဖမ်းဆီးရမိခြင်းဖြစ် သည်။
အဆိုပါမော့ဆက်သူလျှိုသည် အီဂျစ်တွင်အဓိကရုဏ်းများဖြစ်ပွားပြီးမကြာမီမှာပင် အီဂျစ်သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ဆူပူ အုံကြွမှုများဖြစ်ပွားအောင်၊ ခွဲထွက်ရေးများဖြစ်ပွားလာအောင် လှုံ့ဆော်ရန်ဖြစ်ကြောင်း အီဂျစ်ရုပ်မြင်သံကြားကပြောသည်။
သူကအီဂျစ် တဟာရာ ခေါ် လွတ်မြောက်ရေးရင်ပြင်တွင်ဖြစ်ပွားသော လူထုဆန္ဒပြပွဲများသတင်းကိုရယူရန် လာရောက်သော နိုင်ငံခြား သားသတင်းထောက်ဟန်ဆောင်ထားပြီး အီဂျစ်ထောက်လှမ်းရေးကသူ့ကိုစောင့်ကြည့်နေခဲ့သည်။ ထို့ပြင် သူ့ကိုမဖမ်းဆီးမီပင် ဖုန်းမှတ်တမ်းများကိုစောင့်ကြည့်လေ့လာခဲ့ကြောင်း အီဂျစ်ရုပ်သံ MENA ကကြေငြာခဲ့သည်။
အစ္စရေးလူမျိုးတစ်ဦး အီဂျစ်တွင်ဖမ်းဆီးခံရကြောင်းမည်သည့်သတင်းမှ မကြားမိကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကပြော သည်။ အစ္စရေးလူမျိုးတစ်ဦးက အစ္စရေးမော့ဆက်အတွက် ကိုင်ရိုတွင်သူလျှိုလုပ်သည်ဟူသောကိစ္စမှာ ထူးဆန်းကြောင်း အစ္စရေး သတင်းသုံးသပ်သူတစ်ဦးကပြောဆိုခဲ့သည်။
“အစ္စရေးဘက်က ဘာမှတစ်စုံတစ်ရာမတုံ့ပြန်တဲ့အတွက် ကျွန်တော်စဉ်းစားလို့မရပါဘူး။ နိုင်ငံခြားမှာသူလျှိုလုပ်နေတဲ့ အစ္စရေးလူမျိုးတစ်ဦးကို ဘယ်တော့မှ အစ္စရေးနိုင်ငံကူးလက်မှတ်နဲ့တွေ့ရမယ်မဟုတ်ဘူးဆိုတာ ဒီကိစ္စမျိုးတွေကို နည်းနည်းလေး ကြားဖူးနားဝရှိတဲ့လူမျိုးတောင် သိနိုင်တဲ့ကိစ္စပါ။” ဟု ရုပ်သံလိုင်းအမှတ် ၂ သတင်းသုံးသပ်သူ အီဟွတ်ယာရီကပြောသည်။
လွန်ခဲ့သောနှစ်က အစ္စရေးအတွက် သူလျှိုလုပ်နေသော အီဂျစ်လူမျိုးတစ်ဦးကို စွပ်စွဲခဲ့ပြီး လက်ဘနွန်နှင့်ဆီးရီးယားတွင်လည်း အဖွဲ့ငယ်များရှိသော သူလျှိုအဖွဲ့သုံးဖွဲ့ရှိကြောင်း အီဂျစ်က ထုတ်ဖေါ်ပြောကြားခဲ့သည်။ အီဂျစ်က အစ္စရေးသို့တင်ပို့နေသော ဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုနှင့် မူဘာရက်လက်ထက်က တင်းကြပ်စွာပိတ်ထားသော အီဂျစ်နှင့် ဂါဇာနယ်စပ်ဂိတ်ကို ဖွင့်လှစ်ပေး လိုက်ခြင်းတို့ကြောင့် တင်းမာနေသောအစ္စရေးနှင့် အီဂျစ်ကြား ယခုကိစ္စကြောင့် ပိုမိုဆိုရွားလာဖွယ်ရှိသည်။
Source: Al Jazeera




















10:59 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment