Sunday, June 12, 2011
အံ့ဖွယ်သူခိုး
ဂီရိုနာလေဆိပ်မှ ဘာစီလိုနာသို့သွားသောဘတ်စ်ကားမှ လက်ဆွဲသေတ္တာထည့်သောအံဖုံးအတွင်းရှိ လက်ဆွဲသေတ္တာများ အတွင်းရှိပစ္စည်းများမကြာခဏပျောက်ဆုံးနေသောကြောင့် ရက်သတ္တပတ်ပေါင်းများစွာ ရဲများအလုပ်ရှုပ်ခဲ့ရပြီး ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။
ထို့နောက် ခရီးစဉ်တစ်ခုတွင် လက်ဆွဲအိတ်များ အဖေါက်ခံရပြန်သည်။ ခရီးသည်တစ်ဦးက အလွန်ကြီးမားပြီး မသင်္ကာစရာ လက်ဆွဲအိတ်တစ်လုံးကို သတိထားမိပြီးရဲကိုပြောပြခဲ့ရာ ရဲများက ဖွင့်ကြည့်သောအခါ အံ့ဖွယ်ရာပင် အရပ် ၆ ပေရှိသော လူတစ်ယောက်ထိုလက်ဆွဲအိတ်ကြီးထဲတွင် ခွေခေါက်နေသည်ကို တွေ့ရှိရသည်။
ကြံရာပါတစ်ဦးရှိပြီး ထိုသူ့အကူအညီဖြင့် လက်ဆွဲအိတ်အတွင်းသို့ဝင်ရောက်ခွေခေါက်ကာ ပုန်းလျှိုးလိုက်ပါလာခြင်းပင်ဖြစ်သည်။
ကြံရာပါက ဘတ်စ်ကားလက်မှတ်တစ်စောင်ဝယ်ယူ၍ အဆိုပါလက်ဆွဲသေတ္တာကို ဘတ်စ်ကားရှိလက်ဆွဲသေတ္တာအခန်းတွင်း၌ ထည့်သွင်းခဲ့သည်။ ထို့နောက် ဘတ်စ်ကားက ဘာစီလိုနာသို့မောင်းနှင်နေစဉ်ခရီးချိန်အတွင်း လက်ဆွဲသေတ္တာအတွင်းမှ လူက ထွက်ကာ အခြားလက်ဆွဲသေတ္တာများကို ဖွင့်၍မွှေနှောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းများကို ယူငင်ခိုယူပြီး သေတ္တာအတွင်းသို့ပြန် လည်ဝင်ရောက်ကာ ခွေခေါက်နေသည်။ ဘာစီလိုနာသို့ရောက်သောအခါ သူ့အဖေါ်က အိတ်ကို ပြန်လည်ယူဆောင်သွားခြင်းဖြင့် လွတ်မြောက်လေသည်။ အဆိုပါ ရာဇဝတ်မှုကို ရဲများက “အဖွင့်၊ အပိတ်အမှု” ဟု အမည်ပေးထားလေသည်။
Source: BBC
0 comments:
Post a Comment