Sunday, June 12, 2011

အမေရိကန်တပ်များဆက်လက်ထားရှိရန် အီရတ်စဉ်းစား


၂၀၁၁ တွင်အလွန်တွင် အီရတ်မှအမေရိကန်စစ်တပ်များပြန်ဆုတ်ခွါရန် အမေရိကန်သမ္မတအိုဘားမားက စီစဉ်ထားပြီး အီရတ်က ဆက်လက်ရှိနေပေးရန်တောင်းဆိုလျှင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ပန်တာဂွန်အကြီးအကဲ လီယွန်ပန်နက်တာက ပြောသည်။
“အချို့တပ်တွေကို ဆက်ထားပေးဖို့အီရတ်က တောင်းဆိုမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။” ဟု ပန်နက်တာကပြောသည်။

အီရတ်က တောင်းဆိုသည်နှင့်တပြိုင်နက် အမေရိကန်တို့ကဆက်လက်နေဖို့သဘောတူညီလိမ့်မည်ဖြစ်ကြောင်း ရာထူးမှ နှုတ်ထွက်သွားသော စီအိုင်အေ အကြီးအကဲက ဆီးနိတ်လက်နက်ကိုင်ဝန်ထမ်းကော်မတီသို့ပြော ကြာသပတေးနေ့က ပြောသည်။
“ကျွန်တော်တို့ဆက်လက်ရှိနေဖို့ သူတို့ဘယ်လိုပုံစံနဲ့ရှိစေချင်လဲ၊ ဘယ်အချိန်အတိုင်းအတာအထိလဲဆိုတာ အီရတ် အစိုးရနဲ့ ဝန်ကြီးချုပ်တို့ရဲ့အပေါ်မှာမူတည်ပါတယ်။ အီရတ်မှာကျွန်တော်တို့ဆောင်ရွက်ခဲ့တာတွေ အတိုင်းအတာတစ်ခုအထိ လုံလောက်တယ်ဆိုတာ သေချာဖို့လိုပါတယ်။” ပန်နက်တာက ကော်မတီသို့ပြောကြားခဲ့သည်။
နှုတ်ထွက်သွားသော အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က အမေရိကန်တပ်များဆက်လက်ရှိနေရခြင်းမှာ အီရန်သည်လည်း အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ဆိုသည်။

ရှီးအိုက်အုပ်စုများကို အီရန်က ထောက်ပံ့နေသည်ဟု ဝါရှင်တန်က စွပ်စွဲထားသည်။ သို့သော်တီဟီရန်အစိုးရက ငြင်းဆိုထား လေသည်။ အီရတ်ဆွန်နီတို့က အီရန်၏ အီရတ်အရေးပေါ်အာရုံစိုက်နေမှုကို သံသယရှိနေသည်။
အမေရိကန်တပ်များ အီရတ်တွင်ဆက်လက်တည်ရှိနေမှုသည် ပင်လယ်ကွေ့တိုင်းပြည်များကို ပြန်လည်သိမ်းသွင်းခြင်းပင်ဖြစ် သည်ဟ ရောဘတ်ဂိတ်က လွန်ခဲ့သောလက ပြောခဲ့သည်။
လေ့ကျင့်ရေးနှင့် အကြံပေးအနေနှင့်ဆိုလျှင် အမေရိကန်တပ်သား ၄၇,၀၀၀ ဆက်လက်ထားရှိရန် အီရတ်ဝန်ကြီးချုပ်နှင့် ညွန့်ပေါင်းအစိုးရတို့ အခြေအတင်ဆွေးနွေးလျက်ရှိသည်။
အီရတ်ဝန်ကြီးချုပ် မာလီကီက သြဂုတ် ၁ ရက်နေ့ခန့်တွင် အထက်ပါကိစ္စနှင့်ပတ်သက်၍ အကျိုးတူညီညွတ်သောအမျိုးသား ဦးတည်ချက်တစ်ရပ်ကို တောင်းဆိုမည်ဖြစ်သည်။ ထို့နောက် ညွန့်ပေါင်းအစိုးရအတွင်း အခြားအုပ်စုများက သူတို့၏ရပ်တည်ချက် ကို အသေအချာမဖေါ်ပြမှုနှင့် သူ့ကိုတိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့သည်။

အီရတ်စစ်တပ်တစ်ခုတည်းဖြင့် နိုင်ငံကိုကာကွယ်ရန်မဖြစ်နိုင်သေးဟု အမေရိကန်နှင့် အီရတ်တပ်မှူးများက စိုးရိမ်ကြောင့်ကြနေ ကြသည်။ ဝါရှင်တန်ကလည်း အီရတ်လေကြောင်း၊ ထောက်လှမ်းရေး၊ ပို့ဆောင်ရေးနှင့် အခြားကဏ္ဍများတွင် ချို့ယွင်းချက်များ ရှိနေကြောင်း ထောက်ပြကြသည်။



Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။