၇.၂ မဂ္ဂနီကျု ပြင်းအားရှိသော ငလျင်တစ်ခု အယ်လက်စကာပြည်နယ်နှင့် အက်ကာပြည်နယ်အရှေ့ ဘက် ၁၇၂ကီလိုမီတာ အကွာဝေးနှင့် ၄၀ကီလိုမီတာ အနက်ရှိသော ပစိဖိတ်သမုဒ္ဒရာ ကြမ်းပြင်အတွင်းတွင် လှုပ်ခါမှုဖြစ်ပွားခဲ့ကြောင်း အမေရိကန် ပထ၀ီ ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြားသွားခဲ့သည်။
အယ်လက်စကာ ငလျင်အချက်အလက်ဆိုင်ရာ ဌာနမှ ၄င်းငလျင်သည် အလျူတီယံကျွန်း အလယ်ပိုင်းနှင့် ဒတ်ခ်ျဆိပ်ကမ်း၊ အန်နယ်လက်စကာ တို့ဘက်မှ တောက်လျှောက် အစပြုလာခြင်း ဖြစ်ကြောင်း ဖော်ပြသွားခဲ့သည်။
လက်ရှိအခြေအနေအရ အပျက်အစီးနဲ့ အသေအပျောက်စာရင်း မရှိသေးပေ။
အနောက်ဘက် ဆိပ်ကမ်းနှင့် အယ်လက်စကာ ဆူနာမီ အရေးပေါ်အသိပေးဌာနမှ အယ်လက်စကာ ကမ်းခြေ အနီးတ၀ိုက်တွင် သေချာပေါက် ဆူနာမီကျရောကလာနိုင်ကြောင်း သတိပေးမှု ပြုလုပ်ခဲ့သော်လည်း ငလျင်အပြီး တစ်နာရီလောက် အကြာတွင် ၄င်းသတိပေးချက် ရပ်တန့်သွားခဲ့သည်။
အစပိုင်း သတိပေးချက်တွင် ဒတ်ခ်ျဆိပ်ကမ်း နောက်မြောက်အရပ် ၁၂၈ ကီလိုမီတာမှ အဒက်ခ် ကမ်းခြေအရှေ့ ဘက် ၂၀၀ ကီလိုမီတာအထိ ဆူနာမီလာနိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
ဒတ်ခ်ျဆိပ်ကမ်းတွင် နေထိုင်သော ရေလုပ်သားတစ်ဦးက "အချက်ပေးဥသြသံ စွဲလိုက်တာနဲ့ ဒီမှာရှိနေတဲ့ လူတွေကတော့ နီးစပ်ရာ တောင်ကုန်းတွေပေါ်ကို တက်ပြေးတော့တာပဲ" ဟုပြောပြသွားခဲ့သည်။
source: Ajazeera




















6:57 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment