Monday, June 13, 2011
ဂျပန်သတင်းများ
ကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများကို ဂျပန်အစိုးရဆွဲဆောင်
ကျွမ်းကျင်လုပ်သားများ ဂျပန်တွင်လာရောက်အလုပ်လုပ်ရန်ဆွဲဆောင်နိုင်ရန် အစိုးရက ဦးစားပေး အစီအစဉ်တစ်ရပ်ရေးဆွဲ ထားကြောင်း ကြာသပတေးနေ့က အစိုးရကပြောသည်။
ဦးစားပေးအစီအစဉ်သည် အမှတ်ပေးစံနစ်ဖြင့်သွားမည်ဖြစ်သည်။ ဗီဇာသက်တမ်းသုံးနှစ်အထိပေးမည်ဖြစ်ပြီး ငါးနှစ် အထိသက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ကျွမ်းကျင် လုပ်သားများ (အထူးသဖြင့်အင်ဂျင်နီယာများ) အပြိုင်အဆိုင်ရှာဖွေနေသော ကာလတွင် ဂျပန်နိုင်ငံကလည်းယင်းအစီအစဉ်ကို ချမှတ်ခဲ့ပြီး ယခုနှစ်ကုန်တွင် အကျုံးဝင်မည်ဖြစ်သည်။
ရမှတ်များကို နှစ်စဉ်ဝင်ငွေ၊ အလုပ်အတွေ့အကြုံနှင့် အခြားအချက်အလက်များအပေါ်ကြည့်ပြီးဆုံးဖြတ်မည်ဖြစ်သည်။ သတ်မှတ်ထားသော ရမှတ်တစ်ခုသို့ရောက်ရှိလျှင် ဦးစားပေးဗီဇာအစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။
ဒုတိယမြောက်နှစ်အဖြစ် ဂျပန်တွင်နိုင်ငံခြားသားနေထိုင်သူဦးရေ လျော့ကျ
၂၀၁၀ အကုန်တွင် ဂျပန်၌ တရားဝင်နေထိုင်သူနိုင်ငံခြားသားဦးရေ ၅၁,၉၇၀ ဦးရေကျဆင်းသွားသည်။ ယခင်နှစ်က ၂,၁၃၄,၁၅၁ ဦးရှိသည်။ ဒုတိယနှစ်အဖြစ်ဆက်တိုက်ကျဆင်းသွားခြင်းဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက သောကြာနေ့က ပြောသည်။
၂၀၀၈ ဆောင်းဦးပေါက်မှစ၍ ကမ္ဘာ့စီးပွားရေးကျဆင်းမှုဝေဒနာခံစားရခြင်းကြောင့် ဂျပန်ရှိထုတ်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်း ခဲ့ရပြီး လုပ်သားများလျှော့ချမှုကြောင့် နိုင်ငံခြားသားများအိမ်ပြန်သွားကြခြင်းကြောင့်နိုင်ငံခြားသားဦးရေကျဆင်းသွားခြင်းဖြစ် ကြောင်း ဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဘရာဇီးလူမျိုးဦးရေမှာ စုစုပေါင်းနိုင်ငံခြားသားဦးရေ၏ တတိယအကြီးဆုံးအုပ်စုဖြစ်ပြီး ၃၆,၉၄၀ ဦးရေ (၁၃.၈%) ကျဆင်းသွား ပြီး ၂၃၀,၅၅၂ ဦးသာရှိတော့သည်။
ဂျပန်တွင်နေထိုင်သူနိုင်ငံခြားသားများထဲတွင် အများဆုံးမှာ တရုတ်များဖြစ်ပြီး ၆,၆၃၈ (၁ %) တိုးတက်လာပြီး ၆၈၇,၁၅၆ ဦးရှိ သည်။ စုစုပေါင်းနိုင်ငံခြားသားဦးရေ၏ ၃၂.၂ % ဖြစ်သည်။ ဒုတိယအများဆုံးအုပ်စုမှာ ကိုရီးယားလူမျိုးများဖြစ်ပြီး ၁၂,၅၀၆ ဦးရေ (၂.၂%) ပြီး ၅၆၅,၉၈၉ ဦးရေရှိသည်။
နယ်မြေအလိုက်ဆိုလျှင် အိုင်ချီနယ်တွင် ၉,၉၈၀ ဦးရေကျဆင်းသွားပြီး ၂၀၄,၈၃၆ ဦးရေရှိသည်။ ရှီဇူအိုကာနယ်တွင် ၇,၃၄၁ ဦးရေကျဆင်းပြီး ၈၆,၁၅၈ ဦးရေရှိသည်။
Source: Japan News
0 comments:
Post a Comment