Wednesday, June 15, 2011

သီရိလင်္ကာ စစ်ရာဇဝတ်မှု


ဗြိတိန်သတင်းတွင် သီရိလင်္ကာအစိုးရစစ်တပ်များက တမီလ်သူပုန်အကျဉ်းသားများကို သတ်ဖြတ်နေသည့် မှတ်တမ်းကား ပြသ ခဲ့ပြီး သီရိလင်္ကာကို စစ်ရာဇဝတ်မှုဖြင့်တရားရင်ဆိုင်ရမည်ဟု ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့ပြင် တမီလ်သူပုန်အမျိုးသမီးများကို မုဒိန်းကျင့်သတ်ဖြတ်ထားသည့် အလောင်းများကိုလည်း ဗြိတိန် ရုပ်သံလိုင်းအမှတ် ၄ မှ ထုတ်လွှင့်ပြသခဲ့သည်။
“ကျွန်တော် အတော်ကို အထိတ်တလန့်ဖြစ်မိပါတယ်။” ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

တမီလ်အီးလမ် လွတ်မြောက်ရေးကျားသူပုန်များနှင့်၂၆ နှစ်တာ တိုက်ပွဲများအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုများအပေါ် စုံစမ်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခုအခါ ကိုလမ်ဘိုအစိုးရအနေနှင့် နိုင်ငံတကာဥပဒေအရရင်ဆိုင်ရဖွယ်ရှိကြောင်းဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။ သီရိလင်္ကာသမ္မတ မဟင်ဒါရာဂျာပက်ဆာက အဆိုပါဗွီဒီယိုသည် လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်းပြော သည်။
“သီရိလင်္ကာ သတ်ကွင်း” ဟုအမည်ပေးထားသော ၂၀၀၉ ခုနှစ်တမီလ်သူပုန်များကို အမြစ်ပြတ်တိုက်ခိုက်နှိမ်နင်းပြီး သူပုန်များကို ကွပ်မျက်သောဗွီဒီယိုကို အင်္ဂါနေ့က ထုတ်လွှင့်ပြသခြင်းဖြစ်သည်။
အမျိုးသမီးတစ်ဦးအပါအဝင် တမီလ်သူပုန်သုံးယောက်ကို သုတ်သင်သတ်ဖြတ်ပုံကို မိုဘိုင်းလ်ဖုန်းဖြင့် ရိုက်ကူးထားသည်။ ဗွီဒီယိုအများစုကို တမီလ်အရပ်သားများကရိုက်ကူးထားခြင်းဖြစ်ပြီး အပစ်အခတ်ရပ်နေရာဟု သတ်မှတ်ထားသောနေရာများတွင် အစုလိုက်သတ်ဖြတ်ခြင်းဖြစ်သည်။

လုံခြုံစိတ်ချရသောနေရာဟု သတ်မှတ်ထားသော ဆေးရုံကို အမြောက်ဆံထိမှန်ထားသော မှတ်တမ်းများလည်းပါဝင်သည်။ အချို့မှတ်တမ်းများတွင် တမီလ်သူပုန်များလည်း ပါဝင်သည်။

ပြည်တွင်းစစ်အဆုံးသတ်နောက်ဆုံး အပတ်များအတွင်း လူသောင်းနှင့်ချီ၍ သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ကုလသမဂ္ဂမှ တွက်ချက်ထားသည်။ ကုလအတွင်းရေးမှူးဘန်ကီမွန်ကို စစ်ရာဇဝတ်မှုစုံစမ်းရေးအတွက် အမိန့်ထုတ်ရန်ဖိအား ပေးလျှက်ရှိသည်။

သို့သော် သီရိလင်္ကာတွင် တရားမဝင်သတ်ဖြတ်မှုများအတွက် ကုလအထူးစုံစမ်းရေးမှူး ခရစ္စတိုဖာဟိန်းက ကုလလူ့အခွင့်အရေး ကောင်စီတွင်ွေီဒီယိုကို ပြသခဲ့ပြီး လုံးဝစစ်ရာဇဝတ်မှုမြောက်သော သက်သေအထောက်အထားပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။