အီရတ်နိုင်ငံ ဒီဝမ်နီယာတွင် ကားဗုံးနှစ်လုံး ပေါက်ကွဲရာ အနည်းဆုံးလူ(၂၂)ဦး သေဆုံးပြီး (၃၀ )ခန့် ဒဏ်ရာ ရရှိသွားကြောင်း အီရတ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အီရတ်မြို့တော် ဘဂ္ဂဒက် တောင်ဘက် (၁၅) ကီလိုမီတာအကွာရှိ ဒီဝမ်နီယ မြို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး နေအိမ်အပြင်ဘက် တွင် အင်္ဂါနေ့က ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
သေဆုံးသူများ ထဲတွင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ပါဝင်ခြင်း ရှိ မရှိ မသိရသေးပေ။
ယင်းဗုံးခွဲတိုက်ခိုက်မှုသည် အင်္ဂါနေ့က အီရတ်နိုင်ငံ အနှံ့ဖြစ်ပွားခဲ့သော အသေခံ ဗုံးဖေါက်ခွဲမှုများထဲမှ တစ်ခုဖြစ်ကြောင်း၊ အနည်းဆုံး အသေခံ ဗုံးခွဲသမား တစ်ဦးပါဝင်ကြောင်း ပြောသည်။ ဘဂ္ဂဒက်အပါအဝင် အခြားနေရာများတွင် ဖြစ်ပွားသော ပေါက်ကွဲမှုများအတွင် (၄)ဦး သေဆုံးပြီး(၁၆)ဦးခန့် ဒဏ်ရာ ရရှိကြောင်း သိရသည်။
၂၀၀၆နှင့်၂၀၀၇ ခုနှစ်များတွင် အကြမ်းဖက် တိုက်ခိုက်မှုများ အမြင့်ဆုံး ရောက်ရှိခဲ့ ပြီးနောက် သိသိသာသာ ပြန်လည် ကျဆင်းသွားခဲ့သည်။ သို့သော် ယခုနှစ် အကုန်တွင် အမေရိကန်တပ်များ ပြန်လည် ထွက်ခွါသွားရန် ရည်မှန်းထားပြီးနောက် အစိုးရ အဆောက်အဦးများ အပါအဝင် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုများ ပြန်လည် မြင့်မားလာခဲ့သည်။
Source: VOA
0 comments:
Post a Comment