ဆူဒန်သမ္မတ အယ်လ်ဘာရှာက ၄င်းတို့၏ ဆီ တောင်းဆိုချက်အား သဘောမတူပါက ဆူဒန် မြောက်ပိုင်းသို့စီးဆင်းနသော ရေနံပိုက်လိုင်း များကို ဖြတ်တောက် ပစ်မည် ဖြစ်ကြောင်း ချိမ်းခြောက်လိုက်သည်။
"ကျွန်တော် တောင်ပိုင်း ဆီကိစ္စအတွက် ရွေးချယ်ဖို့ ပေးတယ်။ မြောက်ပိုင်း ဆူဒန် ဆိပ်ကမ်းမြို့ က ပို့နေတဲ့ ဓာတ်ဆီပုန်းတွေအတွက် ရရှိတဲ့ အခကြေးငွေကို ဆက်လက် မျှဝေခွင့်ရှိအောင် လုပ်ပေးရမည်" ဟု အင်္ဂါနေ့က ရုပ်မြင်သံကြားတွင် ဘာရှာက ပြောကြားသွားခဲ့သည်။
"အဲဒါတွေကို သဘောမတူရင် ကျွန်တော်တို့ ပိုက်လိုင်းတွေကို ပိတ်ဆို့ ပစ်လိုက်မယ်။" ဟု သူက ဆူဒန်ဆိပ်ကမ်းမြို့ မှ ၄င်းအားထောက်ခံသူများကို ပြောကြားသွားခဲ့သည်။ ဆူဒန်ဆိပ်ကမ်းသည် ဆူဒန်နိုင်ငံ၏ ဓာတ်ဆီများကို နိုင်ငံခြားသို့တင်ပို့နေသော အဓိက မြို့ ဖြစ်သည်။
ဇူလိုင်လ ၉ရက်နေ့စ၍ တောင်ပိုင်းဆူဒန်နိုင်ငံသည် သီးခြားနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်မည်ဖြစ်သည်။ ထိုသို့ကွဲကွာပြီးနောက် ၄င်းတို့ပိုင်ဆိုင်သည့် ဓာတ်ဆီစက်ရုံများအား မည်သို့ချုပ်ကိုင်ရမည် ဆိုသည့်အချက်မှာ အဓိကပြဿနာ ဖြစ်လာခဲ့သည်။
နိုင်ငံ၏ ဓာတ်ဆီ ၃ပုံ ၁ပုံအား တောင်ပိုင်းမှ စုပ်တင်ရခြင်းဖြစ်သည်။ သို့သော် သန့်စင်ရုံ၊ ပိုက်လိုင်းများနှင့် ဆိပ်ကမ်းများမှာ မြောက်ပိုင်းတွင် တည်ရှိနေခြင်းဖြစ်သည်။
၂၀၀၅ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက် ရပြီးနောက် ဆယ်စုနှစ်များ တစ်လျှောက် ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများ ရပ်တန့်သွားခဲ့သည်။ ဆူဒန်တောင်ပိုင်း ရေနံတွင်းများမှ ဘဏ္ဍာငွေ ၅၀%အား ခါတူယမ်မြို့ က ရရှိခြင်းဖြစ်သည်။
source: Aljazeera
0 comments:
Post a Comment